welcom to myo min zaw blog

Sunday 31 July 2016

Bootloader အကြောင်း

Android ကိုစတင်လေ့လာနေသူတွေအတွက် Bootloader ဆိုတဲ့ ဝေါဟာရ အကြောင်း မျှဝေပေးလိုက်ပါတယ်

Bootloader ဆိုတာဘာလဲ

Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို
စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal
Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ
တည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point
ပါပဲ၊

Bootloader ဘယ်လိုအလုပ်လုပ်တာလဲ

Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊
ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot
Strap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ Bootloader
အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို
0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c
ဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,
keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux
Kernel image ကို Memory ကနေ ၀င်တင်မယ်၊

Bootloader ရွေးချယ်မှူ

Bootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး
စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့
အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက်
ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့
ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Android
ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊
ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို
သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို
Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom
ROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊


Khnel ဆိုတဲ့ ဝေါဟာရ အကြောင်း

Android ကိုစတင်လေ့လာနေသူတွေအတွက် Khnel ဆိုတဲ့ ဝေါဟာရအကြောင်း

Kernel ဆိုတာဘာလဲ????ဲ

Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ
IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High Level
Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြောမှာက
Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊
Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux
Operation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android
Kernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊
ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ
အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက်
သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ
မဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardware
ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲ
တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software
တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊

Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့
အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို
ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက
လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen
အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို
ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့
စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware
ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ
Kernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာ
ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်
မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊
ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်
ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel
ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware
ကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက
Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်
Hardware ကိုပြန်ပေးပါတယ်၊

အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို
ခိုင်းစေရမှာဖြစ်ပါတယ်၊ Kernel က ကြားခံ ပေးထားတဲ့အတွက် Application
Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို
Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာ
Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop
လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop
လုပ်ပေးစရာလို့ပါတယ်၊


CWM ရဲ့ အဓိပ္ပါယ်

Android ကိုစတင် လေ့လာနေသူ တွေအတွက် CWM ရဲ့ အကြောင်းဗဟုသုတပေါ့

CWM ဆိုတာဘာလဲ????ဲ

CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း
နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover
လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့်
Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access
ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM
ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်
အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android အခြေခံ အဆင့် ကို
နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲ
တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊
Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း
memory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ
Boot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင်
ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်
zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလို
အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery
လိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်
ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့
Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်
ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update
လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်
အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို
ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache
များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာ
စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊

ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android
ROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android
devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်၊


What is root???

Root ဆိုတာဘာလဲ?????

သက်ဆိုင်သူ credit ပါ

Android ဖုန်းတွေမှာ Permission Level နှစ်ခုရှိပါတယ် ။ လွယ်အောင် User Account လို့ ဆိုကြပါစို့ ။ User Account Type ၂ မျိုးရှိပါတယ် ။ Standard User နဲ့ Administrator( Superuser / Root ) ပါ။ Standard User ဟာ App တွေ Install လုပ်နိုင်တယ် အခြား လုပ်ဆောင်မှုတွေ အကုန်လုံးကိုလဲ လုပ်ဆောင်နိုင်ပါတယ် ။ သူလုပ်လို့ မရတဲ့ တစ်ခုတည်းသောအရာက System Partition ထဲကို သွင်း/ဖျက်/ပြင် (Write/Delete/Modify) လုပ်လို့ မရတာပါ ။

ကျွန်တော်တို့ အများဆုံးကြုံရတဲ့ ပြဿနာကတော့ မြန်မာဖောင့်ထည့်တာပါ ။ Font ဟာ System Partition ထဲမှာရှိပါတယ် ။ Original ပါလာတဲ့ Font ဟာ မြန်မာလို မမြင်ရတဲ့အတွက် မြန်မာလို ပြပေးမဲ့ Zawgyi/Unicode လို Font တွေထည့်ချင်ပြီဆိုရင် System ထဲမှာရှိတဲ့ Default Font ကို Zawgyi/Unicode နဲ့ အစားထိုးလဲလှယ်ပေးရပါတယ် ။ အဲဒီ့မှာ ပြဿနာက စတော့တာပါ ။ Android ဖုန်းတွေဟာ စထုတ်လိုက်ပြီဆိုတာနဲ့ User Account Type ကို Standard User အနေနဲ့ ထုတ်ပေးလိုက်တာပါ ။ Standard User အနေနဲ့ တော့ System ထဲက Default Font ကို Modify လုပ်လို့ မရတဲ့အတွက် ၊ Root လုပ်ရမယ် ။ Root လုပ်မှ မြန်မာ ဖောင့်ထည့်လို့ ရမယ်ဆိုတဲ့ စကားပေါ်လာရတာပါ (အချို့ ဖုန်းများမှာတော့ Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ် ၊ ဒါပေမယ့်ရှားပါတယ်) ...

Root လုပ်တယ်ဆိုတာ .. Account Type ကို SuperUser အနေနဲ့ ပြောင်းလဲလိုက်တာပါ ။ အဲလိုပြောင်းလဲလိုက်တဲ့အခါ System Partition ကို (W/D/M) ရသွားပါတယ် ။ ဒီအခါမှ System ထဲကိုပြုပြင်တတ်တဲ့ App တွေကိုအသုံးချလို့ ရနိုင်ပါလိမ့်မယ် ။ Font တွေကို ကိုယ်ကြိုက်သလို ပြင်လာနိုင်မယ် ။ Bootlogo တွေ ပြောင်းလာနိုင်မယ် .. အသံတွေ ၊ Setting ထဲက Language တွေ စတဲ့ System ပိုင်းဆိုင်ရာ အားလုံးနည်းပါးကို Root လုပ်ပြီးတဲ့အခါမှာ ကိုယ်တိုင် စိတ်တိုင်းကျ ပြင်ဆင်လာနိုင်ပါတယ် ။

ဒီတော့ Root လုပ်တာ ကောင်းတာလို့  ခဏ ပြောထားပါမယ် .....
.........................

Root လုပ်ပြီးတဲ့အခါမှာ System က Support ပေးထားတဲ့ Security တွေကို အလွယ်တကူ ချိုးဖျက်လို့ ရသွားပါတယ် ။ Pattern / PIN / Password စတဲ့ ဘယ်လို Security မျိုးမဆို ထိုးဖောက်ဝင်ရောက်ဖို့  ၁၀၀% Vulnerable ဖြစ်နေပါတယ် ။ App တွေရဲ့ Security တွေလဲမရနိုင်တော့ပါဘူး .. App Lock တွေ / Gallery Lock တွေ စတဲ့ Software တွေကိုလဲ System က ထိန်းချုပ်မထားနိုင်တော့ပါဘူး .. အလွယ်တကူ ၀င်ရောက်ရှာဖွေ ခိုးယူခြင်းခံရနိုင်နေပါတယ် ..
ဒီတော့ကာ .. ဒီလို အကာအကွယ်မပေးနိုင်တော့တဲ့ ဖုန်းတစ်လုံးကို ဖုန်းထုတ်လုပ်သူတွေက Warranty မပေးနိုင်တော့တာ သူတို့ အပြစ်တော့မဟုတ်လောက်ပါဘူး ...

ဒါ့ကြောင့် Root လုပ်ရင် Warranty ပျက်ပါတယ်တဲ့ ..

ဒီတော့ Root လုပ်တာ မကောင်းဘူးလို့ ပြောကြတဲ့သူတွေ လဲ အများကြီးပေါ့ ..
.................................
သက်ဆိုင်သူကို credit ပါ

ကျွန်တော့အမြင်တော့ root ဖောက်ထားသင့်ပါတယ်
ကျွန်တော်တို့နိုင်ငံမှာ က warranty ပေးတဲ့ဖုန်းသိပ်မရှိပါဘူး(တရားမဝင်ဖုန်းတွေများလို့ပါ)      
pin/password ဖောက်တယ်ဆိုတာလည်း root မရှိပေမယ့် recovery ကနေ အလွယ်လေးလုပ်လို့ရတဲ့ကိစ္စပါ

game တွေ modify လုပ်ဖို့တို့ ၊screen ကို video ရိုက်ဖို့တို့၊ viber sticker hack ဖို့တို့ အတွက်ကတော့ root ဆိုတာမရှိမဖြစ်အရေးပါလှပါတယ်ဗျာ တခြား ဆော့ဝဲတော်တော်များများကလည်း root ရှိမှအဆင်ပြေနိုင်မယ့်ဆော့ဝဲတွေများပါတယ်(ဥပမာ ဘားတန်းပေါ်စာထည့်တာတို့ဘာတို့ပေါ့ဗျာ) 

Thank you.


Thursday 7 July 2016

2016 ခုနှစ်အတွက် အကောင်းဆုံး android လျို့ဝှက်ကုတ်များ

1. Common Android Secret Codes 2016
Secret Codes Functions
*#*#7780#*#* 1. Factory restore setting
*#*#7780#*#* 2. Clear all application and data.
*#*#7780#*#* 3. Remove Google account setting.
*#*#7780#*#* 4. Remove System, application data and settings.
*2767*3855# 1. Reinstall the phones firmware.
*2767*3855# 2. Used for factory format.
*2767*3855# 3. Remove all files and settings including the internal storage.
*2767*3855# 4. Reinstall the firmware.
*#*#197328640#*#* 1. Enabling test mode for service activity.
*#*#197328640#*#* 2. Used to enter into Service mode.
*#*#197328640#*#* 3. You can run and change various tests and settings in the service mode.
*#*#4636#*#* 1. Phone basic information.
*#*#4636#*#* 2. Phone usage detail.
*#*#4636#*#* 3. Battery information.
*#*#34971539#*#* 1. Information about mobile camera.
*#*#34971539#*#* 2. Get camera information.
*#*#34971539#*#* 3. Note:-Please avoid update camera firmware option
*#*#7594#*#* 1. Changing the power button behavior.
*#*#7594#*#* 2. Enables the direct power off without asking for selecting any option (silent mode, Aeroplane and power off).
*#*#273283*255*663282*#*#* 1. Create backup to all your media files.
*#*#273283*255*663282*#*#* 2. Opens file copy screen where you can backup your media files like (images, videos and audios).
*#*#8255#*#* 1. For Google Talk service monitoring.
*#*#8255#*#* 2. Used to launch G Talk Service Monitor.
*2767*4387264636* 1. Used to display product code.
*#0228# 1. Used to know Battery Status.
*#12580*369* 1. Software and Hardware Info.
*#32489# 1. Let you know Ciphering Info.
*#273283*255*3282*# 1. Data create menu.
*#3282*727336*# 1. Data usage status.
*#8736364# 1. OTA update menu.

2. GPS Bluetooth & WLAN Test Android Codes 2016
Secret Codes Functioning
*#*#526#*#* WLAN Test
*#*#528#*#*  WLAN Test
*#*#232339#*#* WLAN Test
*#*#232338#*#* Displays/Shows WiFi MAC address.
*#*#1472365#*#* For quick GPS test.
*#*#1575#*#* Different type GPS test.
*#*#232331#*#* Bluetooth test.
*#*#232337#*# Displays Bluetooth device address.

3. Firmware Version Information Secret Codes
Secret Codes Functioning
*#*#1111#*#* 1. Let you know about FTA SW Version.
*#*#2222#*#* 1. FTA Hardware Version.
*#*#4986*2650468#*#* 1. Firmware Info PDA, Phone, H/W, RFCallDate.
*#*#1234#*#* 1. PDA and Phone firmware info.
*#2263# 1. RF band selection
*#9090# 1. Diagnostic configuration.
*#7284# 1. USB 12C mode control.
*#872564# 1. USB logging control.
*#745# 1. RIL dump menu.
*#746# 1. Debug dump menu.
*#9900# 1. System dump mode.
*#*#44336#*#* 1. Shows Build time changelist number.
*#*#44336#*#* 2. PDA, Phone, CSC, Build Time, ChangeList number.
*#03# 1. NAND flash serial number.
*#3214789# 1. GCF mode status.
Also Check: How To Unlock Or Bypass Android Pattern Lock Without Losing Data

4. Factory Tests Secret Android Codes
Secret Codes Functioning
*#*#0283#*#* 1. Packet Loop-back test.
*#*#0*#*#* 1. LCD test.
*#*#0673#*#* 1. Audio/Melody test.
*#*#0289#*#* 1. Audio/Melody test.
*#*#0842#*#* 1. Vibration test and Back Light test Device test.
*#*#2663#*#* 1. Displays Touch screen version.
*#*#2664#*#* 1. Touch-Screen test.
*#*#0588#*#* 1. Proximity sensor test.
*#*#3264#*#* 1. RAM version.
*#0782# 1. Real time clock test.
*#0589# 1. Light sensor test.
*#7353# 1. Quick test menu.

5. PDA and Phone Secret Codes
Secret Codes Functioning
*#*#7262626#*#* 1. Field test.
*#06# 1. IMEI number.
*#*#8351#*#* 1. Enables voice dialing logging mode.
*#*#8350#*#* 1. Disables voice dialing logging mode.
**05***# 1. Execute from Emergency dial screeen to unlock PUK code.
*#301279# 1. HSDPA HSUPA control menu.
*#7465625# 1. View phone lock status.

6. Other Android Secret Codes
Secret Codes Functioning
*#0*# 1. Galaxy S3 service menu.
##7764726 1. Motorola DROID hidden service menu.
##7764726 2. The default SPC password is six zeroes(000000).
1809#*990# 1. LG Optimus 2x hidden service menu.
1809#*990# 2. When prompted fo