welcom to myo min zaw blog

Sunday 9 February 2014

Folder အသစ်လေးတွေ ဖွင့်ပြီး ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ၊ ဆော့ဝဲလ်တွေကို ခွဲသိမ်းရအောင်

 

 ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ၊ ဆော့ဝဲလ်တွေ (ခွဲပြီးသိမ်းဖို့) ဆိုရင်တော့ file အသစ်ဖွင့်ရ ပါမယ်..။ ဖိုင်အသစ်ဖွင့်တာ လွယ်ပါတယ်..။ Desktop (Screen) မှာ Right Click ထောက်(နှိပ်)၊ ပြီးရင် New ကိုသွား ၊ ထွက်လာတဲ့ အကွက်လေးထဲမှာ Folder ကိုကလစ်... ဒါဆိုရင် New Folder လေးထွက်လာပါပြီ..။
ရလာတဲ့ New Folder လေးကို ကိုယ်ကြိုက်တဲ့နာမည်ပေးလို့ ရပါသေးတယ်.. ကိုယ်နာမည်ပြောင်းချင်တဲ့ ဖိုင်(ဖိုဒါ) ပေါ်မှာ Right Click နှိပ်ပြီး Rename ကိုသွားလိုက်ရင် ဘယ်ဖိုဒါပဲဖြစ်ဖြစ် နာမည်ပေးလို့ရပါပြီ....။ အဲလိုမျိုး ဖိုဒါလေးတွေကို Icon ပုံ မျိုးစုံ ပြောင်းလို့ရပါသေးတယ်.. အောက်ကပုံလေးတွေကို ဆက်ကြည့်လိုက်ပါအုန်း.. ကိုယ်ကြိုက်တာလေးတွေ ပြင်ကြည့်လိုက်ပါ.. 


အဆင်မပြေတာများ ရှိခဲ့ရင် ကွန်မန်းချန်ခဲ့ပါ...

မရှိမဖြစ် Winrar (winrar ဖြင့် ဖိုင်ဖြည်နည်း၊ ဖိုင်ချုပ်နည်း)


ကွန်ပျူတာတစ်လုံးရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလ်တွေထဲမှာ Winrar လည်းပါပါတယ်..။ ဒါကြောင့် Winrar ကိုအလွယ်သုံးတတ်အောင် ပုံလေးတွေနဲ့ ပြသွားပါ့မယ်..။ Winrar သုံးနည်းတွေ အများကြီးထဲက အဓိက နှစ်မျိုးဖြစ်တဲ့ ချုပ်၊ဖြည် သုံးနည်းလေးကို ပြောပြသွားပါမယ်..။
ကျန်ခဲ့တဲ့ပိုစ့်မှာ ဆော့ဝဲလ်သွင်းတာ၊ ထုတ်တာကို ရေးခဲ့ပေမယ့် တကယ်ဆို Winrar သုံးတတ်အောင် အရင်ရေးသင့်တာပါ.. Winrar သုံးတတ်မှ ဆော့ဝဲလ်တွေ၊ ဖိုင်တွေကို Winrar နဲ့ဘယ်လို ချုပ်ရတယ်.. ဘယ်လိုပြန်ဖြည်ရတယ်ဆိုတာ နားလည်သဘောပေါက်မှာပါ..။ မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေကို ဒေါင်းလော့ချတဲ့အခါ သုတို့က သူတို့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်တွေကို ဗိုင်းရပ်စ့်မထိအောင်လို့ Winrar နဲ့ချုပ်ပေးလိုက်ပါတယ်..။ ဖိုင် size လည်း အနည်းငယ်ပိုသေးသွားသလို ကျနော်တို့ ဒေါင်းရတာလည်း အတော်လေးအဆင်ပြေပါတယ်..။ ဆော့ဝဲလ်တွေမှ မဟုတ်ပါဘူး.. ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ အားလုံးကို Winrar နဲ့ချုပ်ပြီး သိမ်းထားလို့ ရပါတယ်.. Winrar နဲ့မချုပ်ပဲ ထားတဲ့ဓါတ်ပုံဖိုင်တွေဆိုရင် ဗိုင်းရပ်စ် ဖုံးလိုက်လို့ ခဏခဏပျောက်တတ်ပါတယ်.. ဆော့ဝဲတွေဆိုရင်လည်း ဗိုင်းရပ်စ်ဖျက်လိုက်ရင် သုံးလို့မရတော့ပါဘူး..။ ဒါက ကျနော့်စက်ထဲမှာ ခဏခဏဖြစ်တတ်တာကို ပြေပြတာပါ..။ မိမိတို့စက်ထဲမှာ Winrar မရှိသေးဘူးဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလော့ချလိုက်ပါ.. ဖရီးဆော့ဝဲလ်လေးပါ..။ ကျနော့်သူငယ်ချင်းတစ်ယောက်ဆိုရင် မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေက ဒေါင်းလို့တော့ရတယ် ..။ သုံးလို့မရဘူးတဲ့..။ ဘာဖြစ်လို့လဲဆိုတော့ ဒေါင်းလော့ချလိုက်လို့ သူ့စက်ထဲရောက်လာတဲ့ ဆော့ဝဲလ်တွေ အားလုံးက စာရွက်ဖြူလေးတရွက်ပဲ တွေ့ရတယ်တဲ့ ဘာမှသုံးလို့မရဘူးတဲ့.. ဘယ်လိုလုပ်ရမလဲဆိုပြီး ကျနော့်ကိုမေးလာပါတယ်..။ သူ့စက်ကို သေချာဖွင့်ကြည့်လိုက်မှ Winrar ဆော့ဝဲလ်မရှိလို့ ထည့်ပေးလိုက်မှ အဆင်ပြေသွားပါတယ်..။ သူ့ကိုတခါတည်း Winrar သုံးနည်းလေးပါ အောက်ကပုံလေးတွေအတိုင်း ပြောပြလိုက်ပါတယ်.. 

 

ဒါကတော့ ချုပ်နည်းပါ..။ ပြန်ဖြည်တဲ့နည်းကိုတော့ အောက်မှာဆက်ကြည့်လိုက်ပါဗျာ..

 

 

winrar နဲ့ချုပ်ထားတဲ့ဖိုင်ကို ဘယ်နှခါပဲဖြည်ဖြည် ကုန်သွားတယ်လို့ မရှိပါဘူး..။ မူရင်းဖိုင်ကတော့ အထဲမှာ ကျန်နေတုန်းပါပဲ..။

သူများကလိလို့မရအောင် Windows Lock ချထားမည်



အခုဒီပိုစ့်လေးကတော့ မိမိကွန်ပျူတာကို သူများတွေ ကလိလို့ မရအောင် windows lock ချနည်းလေးပါ.. ဆော့ဝဲလ်မလိုပါဘူး .. ဝင်းဒိုးထဲမှာပါပြီးသားပါ.. ဒီနည်းလေးက ကောင်းလည်းကောင်းပါတယ်.. မကောင်းလည်း မကောင်းပါဘူး.. ဘာလို့လဲဆိုတော့ မေ့တတ်တဲ့သူများအတွက် မကောင်းပါဘူး ..

ခဏခဏ password မေ့နေရင် ရှော့ရှိပါတယ်.. ကွန်ပျူတာပြင်တဲ့ဆိုင်ကို သွားသွားပြီး password ဖြုတ်ခိုင်းနေရပါလိမ့်မယ်.. ခဏခဏ ပိုက်ဆံကုန်မှာပေါ့ .. ငွေကုန်ပေါက်လေးပါ.. ဒါကြောင့် မေ့တတ်တဲ့သူများ အမေ့သန်တဲ့သူများ windows မှာ password ခံမထားဖို့ ကြိုတင် သတိပေးချင်ပါတယ်..။ password ထားချင်တယ်ဆိုရင်လည်း မိမိအမြဲ မှတ်မိတဲ့ အသေမှတ်ထားတဲ့ နာမည် ၊ နံပါတ် တခုခုကို ထားစေချင်ပါတယ်.. ဒါမှ ဖွင့်ရလွယ်မှာပါ...။ ကောင်းတာတခုကတော့ မိမိမရှိတဲ့ အချိန်မှာ မိမိကွန်ပျူတာကို သူများတွေ ယူကလိလို့ မရတော့ပါဘူး.. သူတို့သုံးချင်ရင်လည်း ကိုယ့်ကိုအသိပေးပြီးမှ ကိုယ်ဖွင့်ပေးမှ သုံးလို့ရမှာပါ..။ ဒါကြောင့် ဒီတခုတော့ ကောင်းပါတယ်.. နောက်တခုကောင်းသေးတာက ကွန်ပျူတာတစ်လုံးထဲကို လူနှစ်ယောက်သုံးယောက် user account ၂ခု ၃ခု ဖွင့်ပြီး သူ့အကောင့်နဲ့သူ ကိုယ့်အကောင့်နဲ့ကို ခွဲသုံးလို့ ရပါသေးတယ်.. သူမအားတဲ့အချိန်မှာ ကိုယ်သုံးပြီး .. ကိုယ်မအားတဲ့အချိန်မှာ သူသုံးတာမျိုးပါ..။ ကိုယ့်ရဲ့ လျှို့ဝှက်ဖိုင်တွေကို သူမသိနိုင်ပါဘူး.. သူ့ရဲ့ဖိုင်တွေကိုလည်း ကိုယ်ကြည့်လို့ မရပါဘူး.. ဒီပိုစ့်မှာတော့ အကောင့်တစ်ခုထည်းပဲ ဖွင့်ပြထားပါတယ်.. စိတ်ဝင်စားရင်တော့ အောက်ကပုံတွေကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါ.. မိမိထည့်တဲ့ password မမေ့ဖို့ အထူးသတိပြုပါ.. windows lock ချတဲ့ ကီးဘုတ် ရှော့ကပ်ကီး ကတော့ Windows + L ကီးနှစ်လုံးတွဲနှိပ်ပါ..။


Windows Lock ချနည်းကို ဒီအောက်က ပုံတွေကြည့်ပြီး လိုက်လုပ်ကြည့်ပါ.. ပထမဆုံး User Account ကိုအရင်ရှာပါ..


















မေ့တတ်သောသူများ ဒီနည်းကို မသုံးကြပါနှင့် .. အရင်ကျနော့်သူငယ်ချင်း တစ်ယောက် Gmail Account ဖွင့်ချင်တယ်ပြောလို့ သူ့ကို သူ့ရှေ့မှာတင် ဖွင့်ပေးလိုက်ပါတယ်.. နောက်တနေ့ကျတော့ ကျနော့်ဆီကို ပြန် ရောက်လာပါတယ်.. သူ့Gmail Account ဝင်မရတော့လို့တဲ့.. ဘာဖြစ်လို့လဲ သေချာမေးကြည့်တော့ password မမှတ်မိတော့ဘူးတဲ့.. ကျနော်လည်း အများကြီး မပြောတော့ပါဘူး .. နောက်အကောင့်တခု ထပ်ဖွင့်ပေးလိုက်ပါတယ်.. ဒါကြောင့်မေ့တတ်တဲ့သူများ ဒီပိုစ့်မှာ တင်ထားတဲ့နည်းကို မသုံးကြဖို့ အကြံပြုချင် ပါတယ်.. ခင်ဗျား......

Mozilla Firefox နဲ့ You Tube ကသီချင်းတွေကို ဒေါင်းလော့ချနည်း

 

Mozilla နဲ့ Youtube သီချင်းတွေကို ဒေါင်းလော့ချချင်ရင်တော့ ဒီနည်းလေးကလည်း အဆင်ပြေပါတယ်...။ မိုဇီလာမှာ အင်တာနက်ဒေါင်းလော့မန်နေဂျာ အလုပ်မလုပ်တော့ဘူးဆိုရင် ဒီနည်းကို သုံးကြပါတယ်...။ အရင်ဆုံး မိုဇီလာမှာ Video DownloadHelper Add-on လေးကိုထည့်ပါမယ်..။ လုပ်နည်းလေးကလည်း လွယ်ပါတယ်..။ မိမိတို့ရဲ့ မိုဇီလာမှာ Add-ons မရှိသေးရင်တော့ ဒီနေရာမှာ ယူထားလိုက်ပါ..။  Add-ons ထည့်နည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ.. ဆက်ကြည့်လိုက်ပါဗျာ..










Add ons လေးမိမိတို့ရဲ့ Mozilla မှာ ရောက်သွားပြီဆိုရင်တော့ မိမိတို့ လိုချင်တဲ့ You Tube ကသီချင်းတွေကို ဖွင့်လိုက်ပါ..။ သီချင်းတွေ ပေါ်လာပြီဆိုတာနဲ့ စောစောန မိုဇီလာမှာထည့်လိုက်တဲ့ Add ons အလုံးလေးသုံးလုံးဟာ လည်နေပါလိမ့်မယ်..။ ဒါဆိုရင်တော့ သီချင်းတွေကိုဒေါင်းလို့ ရပါပြီ..။ သီချင်းတွေတင် မကပါဘူး.. နည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေကိုလည်း ဒီကောင်လေးနဲ့ ဒေါင်းလို့ရပါတယ်..။ ဒီအလုံးသုံးလုံး လည်နေရင် သီချင်းပဲဖြစ်ဖြစ်၊ ဆော့ဝဲလ်ပဲဖြစ်ဖြစ် ဒေါင်းလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ..။ ဒါပေမယ့် စပိကတော့ အရမ်းနှေးတယ်..။ အဲတော့ ကျနော်တို့က IDM Portable နဲ့ ပြန်ဂျွိင်းပြီး ဒေါင်းကျမယ်..။ Internet Download Manager အလုပ်မလုပ်တော့တဲ့ မိုဇီလာတွေမှာ Internet Download Manager Portable နဲ့ အစားထိုပြီး သုံးလို့ရပါတယ်..။ ပေါတေးဘယ် ဖြစ်တဲ့အတွက် စက်ထဲမှာ Install ဆွဲဖို့ မလိုပါဘူ..။  IDM Portable ကို နှစ်ချက်တောက်လိုက်တာနဲ့ တန်းသုံးလို့ ရပါပြီ..။ လုပ်နည်းကတော့ အောက်မှာပုံလေးတွေနဲ့ ပြထားပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..
အရင်ဆုံး အိုင်ဒီအမ်ပေါတေးဘယ်ကို နှစ်နေရာချိတ်ပေးလိုက်ပါတယ်..။ အဆင်ပြေတဲ့ နေရာကနေသာ ယူထားလိုက်ပါ..။ တန်ဖိုးရှိပါတယ်..။ ရတုန်းယူထားလိုက်ပါ..။ လင့်သေသွားရင် ပြန်ရှာရ ခက်ပါလိမ့်မယ်..။  နေရာတစ် နေရာနှစ် ။ 


အပေါ်ပုံမှာပြထားတဲ့အတိုင်း 3 နေရာက copy url ကိုတချက်ကလစ်လိုက်ပါ..။ ပြီးရင် IDM Portable ဖွင့်၊ (အောက်ပုံ) အပေါ်ဘယ်ဘက်ထောင့်မှ Add URL ကိုတချက်ကလစ်ပါ..။ ပုံမှာပြထားတဲ့အတိုင်း OK နှိပ်ရမယ့် ဘောက်စ်လေးပေါ်လာပါလိမ့်မယ်..။ ပုံမှာပြထားတဲ့အတိုင်း လုပ်သွားလိုက်ပါ..။


နောက်တစ်ခုက Real Player နဲ့လည်း သီချင်းတွေဒေါင်းလို့ ရပါသေးတယ်..။ သူကတော့ Install ဆွဲပြီးတာနဲ့ မိုဇီလာက You Tube သီချင်းမှာ Download အကွက်လေးတန်းပေါ်ပါတယ်..။ လိုချင်ရင်တော့ အောက်မှာ လင့်ချိတ်ပေးထားတယ်... ယူထားလိုက်ပါ..။ ဒီနေရာမှာ Real Player အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ခင်ဗျား....

Software မသုံးပဲ Computer ထဲက အမှိုက်များ ရှင်းနည်း



ကျနော်တို့ ကွန်ပျူတာထဲက အမှိုက်တွေကို ရှင်းတဲ့နည်းလမ်းတွေ အများကြီးထဲက ဒီတစ်နည်းကို အရင်ဖော်ပြလိုက်ပါတယ်..။ နေ့စဉ် မိမိတို့ ကွန်ပျူတာကို ဖွင့်သုံးနေသမျှ ကွန်ပျူတာထဲမှာ အမှိုက်တွေကလည်း များလာပါတယ်..။ ကြာလာတာနဲ့အမျှ အမှိုက်တွေများလာတော့ စက်က လေးလာပါတယ်..။ ဗိုင်းရပ်စ်ကြောင့်မဟုတ်ပဲ အမှိုက်ကြောင့်လည်း စက်လေးတတ်ပါတယ်..။ ဒါကြောင့် အမှိုက်တွေ နေ့စဉ်ရှင်းပေးသင့်ပါတယ်..။ နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပါတ်တစ်ခါ၊ နှစ်ခါတော့ ပုံမှန်ရှင်းပေးသင့်ပါတယ်..။
အခုဒီနည်းလေးကလည်း ကျနော်အမြဲသုံးတဲ့ နည်းလေးမို့လို့ အရင်တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကတော့ ကီးဘုတ်ရှော့ကတ်ကီး Windows logo + R နဲ့ Run Box ကိုအရင်ဖွင့်ပါ..။ ပြီးရင်တော့ ဒီအောက်က စာသုံးကြောင်းကို တကြိမ်စီ ရိုက်ထည့်ရပါမယ်..။ တကြောင်းပြီးမှ တကြောင်း ရိုက်ထည့်ရမှာ ဖြစ်ပါတယ်..။ ပထမတကြောင်း %temp% ၊ ဒုတိယတကြောင်း prefetch ၊ တတိယတကြောင်း recent ဆိုပြီး တကြောင်းစီ ရိုက်ထည့်ပြီးတိုင်း OK သို့မဟုတ် Enter ခေါက်ပေးပါ..။ အောက်မှာပုံတွေ ကြည့်ပြီး  လိုက်လုပ်ကြည့်လိုက်ပါဗျာ... အဆင်ပြေပါစေ...


windows+R နဲ့ Run ဘောက်စ်ဖွင့်ပြီး ပထမစာကြောင်း %temp% ရိုက်ထည့်ပါ.. ပုံမှာဆက်ကြည့်လိုက်ပါ..။




ဒုတိယစာကြောင်း prefetch ကို Run Box တွင်ထပ်ရိုက်ထည့်ပါ..။ ပုံမှာဆက်ကြည့်လိုက်ပါဗျာ..



တတိယစာကြောင်း recent ကို Run Box တွင်ထပ်ရိုက်ထည့်ပါ


အပေါ်က စာသုံးကြောင်းနဲ့ အမှိုက်တွေ ရှင်းပြီးရင်တော့ အမှိုက်တွေအားလုံး Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးထဲကို ရောက်သွားပါပြီ..။ မပြီးသေးပါဘူး.. အမှိုက်တွေသွန်လိုက်ပါအုန်း.. အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဆက်လုပ်လိုက်ပါ..


ဒီအဆင့်တွေအားလုံး ပြီးသွားရင်တော့ မိမိတို့စက်ထဲမှာ အမှိုက်တော်တော်များများ ရှင်းသွားပါပြီ.. နောက်ထပ် အမှိုက်ရှင်းတဲ့ နည်းလမ်းများ နောက်ပိုစ့်တွေမှာ ထပ်တင်သွားပါအုန်းမည်..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ....

Mozilla Firefox ရဲ့ Speed ကိုမြန်စေမယ့် နည်းလမ်းများ



သူငယ်ချင်းများရဲ့ တောင်းဆိုမှုအရ Mozilla Firefox ကို မြန်စေမယ့် နည်းလမ်းများကို လိုက်ရှာပါတယ်..။ အရင်တုန်းကတော့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖတ်ဖူးပါတယ်..။ အခုပြန်ရှာတော့ ဘယ်ဆိုဒ်မှန်း မမှတ်မိတော့ပါ..။ နေမင်းမောင်ဆိုဒ်ထဲမှာတော့ ရှိတယ်..။ မကြာသေးခင်ကမှ ဖတ်ကြည့်မိတာ ဆိုတော့ သိပ်မရှာလိုက်ရဘူး...။ ပြန်တွေ့တယ်..။ သူ့နည်းလေးသုံးကြည့်လိုက်တော့ မဆိုးဘူး..။ Mozilla တော်တော်မြန်လာတယ်..။ သူငယ်ချင်းတွေကို ဒီနည်းလေးပေးသုံးလိုက်တယ်... ကောင်းတယ်လို့ ပြောကြတယ်..။ မလုပ်တတ်တဲ့သူများလည်း ရှိမယ်ထင်လို့ ... နေမင်းမောင်ရဲ့မူရင်း စာသားအပြင် ကျနော်ကပုံလေးတွေနဲ့ပါ ထပ်ရှင်းပြထားပါတယ်..
နောက်တခုက မောင်စေတနာဆိုဒ်ထဲက ရှာတွေ့တာလေးလည်း တင်ပေးလိုက်ပါတယ်.. (နေမင်းမောင်ဝက်ဘ်ဆိုဒ်မှ-
အ၇င်ကလဲကျွန်တော်ပို့ဒ်တစ်ခုတင်ဖူးပါတယ်။အခုနည်းလမ်းလေးကတော့လွယ်လဲလွယ်ပါတယ်။သိသိသာသာ
လဲမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။အောက်မှာပြောပြထားတဲ့အတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်.....
အ၇င်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
I'll be careful, I promise! ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒီကောင်လေးကိုကလစ်ပေးလိုက်ပါ။ သူ၇ဲ့browserလေးပေါ်လာပါလိမ့်မယ်။ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။အပေါ်မှာ Search box လေးပေါ်လာပါလိမ့်မယ်။အဲ့ဒီ Search Box လေးထဲမှာကျွန်တော်အောက်မှာ ပေးထားတာလေး တွေကိုထည့်ပြီး၇ှာလိုက်ယုံပါပဲ။
အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.proxy.pipelining ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.pipelining.maxrequests ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Modify ကိုနှိပ်လိုက်ပါ။ကျလာသော Box ထဲတွင် value တန်ဖိုးကို 30 သို့ပြောင်းလိုက်ပြီး OK နှိပ်လိုက်ပါ။
နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။ နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။ဒါဆို၇င်မိမိတို့၇ဲ့ Firefox browse ဟာအ၇င်ကထက်သိသိသာသာမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။
အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ....) အောက်မှာတော့ ကျနော်က ပုံလေးတွေနဲ့ ပြန်ရှင်းပြ ပေးထားပါတယ်..။
 Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။



ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။


အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။ Filter ဘေးက search အကွက်ထဲတွင် ၄င်းစာသားအား copy - paste နှင့် ထည့်ရှာပါ..။


ဒုတိယ network.http.proxy.pipelining ကိုထပ်၇ှာပါ။ အပေါ်နည်းအတိုင်း ကူးထည့်ပါ...။


 တတိယ network.http.pipelining.maxrequests ကိုထပ်၇ှာပါ..။ အပေါ်က နည်းအတိုင်း ကူးထည့်ပါ..။


နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။


 နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။


ဒီအောက်က နောက်တနည်းကတော့ မောင်စေတနာဆိုဒ်မှ ကူးယူဖေါ်ပြပါသည်...။ လုပ်နည်း များသောကြောင့် ပုံများနှင့် မဖော်ပြတော့ပါ...။ (Firefox ရဲ့ Page Loading ကို ပိုမြန်အောင်လုပ်နိုင်တဲ့ နည်းလမ်း ( ၅ ) ခု

၁။ Pipelining ကို Enable ပြုလုပ်ခြင်း

ဒါကတော့ Friefox version တွေ အကုန်လုံးအတွက် အခြေခံကျတဲ့ နည်းလမ်းတစ်ခုပါ။ Firefox ရဲ့ address bar ထဲမှာ about:config လို့ရိုက် Enter ခေါက်လိုက်ပါ... သတိပေးတဲ့ message ပေါ်လာပါလိမ့်မယ်။ I'll be careful, I proxise! ဆိုတာကို click ပါ။ ပြီးရင် network.http.pipelining နဲ့ network.http.proxy.pipelining ဆိုတာတွေကို လိုက်ရှာပါ။ မတွေ့ရင် အပေါ်က Filter ထဲမှာ ရိုက်ပြီး ရှာလိုက်ရင်လည်း ရပါတယ်။ တွေ့ပြီးဆိုရင် ၄င်းတို့ပေါ်မှာ double click လုပ်ပြီး values တွေကို true လို့ပေးလိုက်ပါ။ ပြီးရင် network.http.pipelining.maxrequests ပေါ်မှာ double click လုပ်ပြီးရင် ၄င်းရဲ့ value ကို 8 လို့ပေးလိုက်ပါ။

၂။ Content switch threshold ကို လျှော့ချခြင်း

အကယ်၍ သင့်ရဲ့ mouse (သို့) keyboard ကို မရွှေ့ မထိပဲ 0.75 စက္ကန့် (Content Switch Threshold ) ကြာခဲ့မယ်ဆိုရင် Firefox ဟာ frequency နိမ့်တဲ့ interrupt mode ထဲကို ရောက်သွားပါလိမ့်မယ်။ ဆိုလိုတာကတော့ ၄င်းရဲ့ ကြားခံဆက်သွယ်ပေးတဲ့စနစ်ဟာ တုန့်ပြန်မှုနည်းလာပါလိမ့်မယ်...ဒါပေမယ့် သင့်ရဲ့ page loadတွေကတော့ ပိုပြီးမြန်ဆန်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုလိုပိုပြီးမြန်ဆန်လာစေဖို့ Content Switch Threshold ကို လျှော့ချပေးဖို့လိုပါတယ်။ about:config ကိုရိုက် Enter ခေါက် ပြီးရင် ပွင့်လာတဲ့ windows ပေါ်မှာ right-click လုပ်၊ ပြီးရင် New ထဲကမှာ Integer ကို click ၊ အဲဒီနောက် content.switch.threshold လို့ရိုက် OK ပေး ပြီးရင် 250000 ( a quarter of a second ) ကိုထည့် OK ပေးလိုက်... ဒါဆိုရပါပြီ။

၃။ Flash ကို Block ခြင်း

Flashblock extension ကို Install လုပ်ဖို့လိုက်ပါ။ ( http://flashblock.mozdev.org တွင် download ပြုလုပ်ပါ။) ၄င်းက Flash appletတွေ အားလုံးကို loading ပြုလုပ်ခြင်းမှာ block လုပ်ပါလိမ့်မယ်။ ဒါကြောင့် web pages တွေဟာ ပိုပြီးမြန်မြန်ဆန်ဆန် ဖော်ပြပေးပါလိမ့်မယ်။ အကယ်၍ Flash content အချို့ ကို ရှာဖွေချင်တယ် ဆိုရင်တော့ ၄င်းရဲ့ Placeholder ကို download အတွက် click လိုက်ခြင်းအားဖြင့် ပုံမှန်အတိုင်း applet ကို ပြသပေးပါလိမ့်မယ်။

၎။ cache အရွယ်အစားကို တိုးစေခြင်း

သင် web တစ်ခုကို ဖွင့်ကြည့်လိုက်စဉ်မှာ Firefox က site ရဲ့ images နဲ့ scriptတွေ ကို local memory cache တစ်ခုထဲမှာ သိမ်းဆည်းထားလိုက်ပြီး အကယ်၍ သင်က တူညီတဲ့ page တစ်ခုကို ပြန်ပြီးဖွင့်မယ်ဆိုရင် locak memory cache ကနေ သိမ်းထားတဲ့ အချက်အလက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပြန်ထုတ်ပေးနိုင်ပါတယ်။ သင့်မှာ RAM အများကြီး( 2GB နဲ့အထက် ) ရှိတယ်ဆိုရင် ဖွင့်ပြီးသား page တစ်ခုကို ပြန်ဖွင့်တိုင်းမှာ မြန်မြန်ဆန်ဆန်ဖွင့်လို့ရစေဖို့အတွက် cache size ကို တိုးထားသင့်ပါတယ်။ ဒီ့အတွက် about:config လို့ရိုက် Enter နှိပ် ပြီးရင် ပွင့်လာတဲ့ window ထဲက ဘယ်နေရာမှာမဆို right-click ပြီးရင် New ထဲက Integer ကိုသွားပါ။ အဲဒီထဲမှာ browser.cache.memory.capacity လို့ရိုက် OK ပေး၊ ပြီးရင် ၄င်းပေါ်မှာ double-click လုပ်၊ value ကို 65536 လို့ရိုက် OK ပေး၊ အဲဒီနောက် သင့်ရဲ့ browser ကို restart ပေးလိုက်ပါ။

၅။ Render မြန်စေခြင်း

ကြီးမားပြီး ရှုပ်ထွေးတဲ့ web pageတွေကို ဖွင့်တဲ့ အခါမှာ အချိန်တော်တော်ကြာတတ်ပါတယ်။ Firefox က သင့်ကို မစောင့်စေချင်ပါဘူး ... ဒါကြောင့် 0.12 စက္ကန့်တိုင်းမှာ ရရှိတဲ့အချက်အလက်တွေ(content notify interval)ကို default အားဖြင့်ဖော်ပြပေးပါတယ်။ ဒီလိုအချိန်တွေမှာ browser ဟာ တဖြည်းဖြည်း ဖျက်ကနဲ့ ဖျက်ကနဲ ဖော်ပြပေးပြီး တိုးလာတဲ့ စုစုပေါင်း page loading လုပ်တဲ့ အချိန်ကိုလည်း မကြာမကြာလျော့ကျစေပါတယ်။ ဒါကြောင့် ကြီးမားတဲ့ content notify interval ဟာ ပိုပြီး မြန်ဆန်စေပါလိမ့်မယ်။ ဒီ့အတွက်... about:config ကိုရိုက်၊ Enter နှိပ်၊ ပြီးရင် ပွင့်လာတဲ့ Window ရဲ့ တနေရာရာမှာ right-click ( Apple userတွေအတွက်က ctrl-click)လုပ်၊ New ထဲက Integer ကို click ပြီး preference name ကို content.notify.interval လို့ရိုက် OK ပေး ပြီးတော့ 500000 ( ငါးသိန်း) လို့ရိုက်ထည့် ပြီးရင် OK ထပ်ပေးပါ။
Window ထဲမှာ right-click ထပ်လုပ်ပါ။ ပြီးရင် New ထဲက Boolen ကို click ပါ။ ဒီတကြိမ်မှာတော့ content.notify.ontimer ဆိုတဲ့ value တစ်ခုပြုလုပ်ပြီး True ပေးလိုက်ပါ။ ဒါဆိုပြီး ပါပြီ။

အသုံးဝင်မယ်ထင်လို့    မောင်စေတနာ  ဆီမှပြန်လည်မျှဝေဖော်ပြပေးထားပါတယ်ခင်ဗျာ..

အားလုံပဲအဆင်ပြေကြပါစေ.....ကျေးဇူးတင်ပါတယ်ခင်ဗျာ......

Desktop မှာအမှိုက်ပုံးပျောက်တဲ့အခါ

 

 Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးက တခါတလေ Desktop မှာပျောက်တတ်ပါတယ်..။ Desktop ပေါ်က Icon တွေဖျက်ရင်းနဲ့ ပါသွားတတ်ပါတယ်..။ နောက်တစ်ခုက Windows7 အသစ်တင်တဲ့အခါ အမှိုက်ပုံးပါမလာတာ ကြုံဖူးပါတယ်..။ ဘယ်ဗားရှင်းလဲဆိုတာတော့ သေချာမမှတ်မိတော့ဘူး..။ Windows7 Home Premium ဖြစ်ဖို့များတယ်..။ အခုဒီနည်းလေးနဲ့ ပဲရှာတွေ့ခဲ့တယ်..။ ဒါကြောင့် လိုလိုမယ်မယ် အမှိုက်ပုံးပျောက်တဲ့သူတွေ ပြန်ရှာတွေ့အောင်လို့ တင်ပေးလိုက်တာပါ..။ နောက် သူငယ်ချင်းတစ်ယောက်ရဲ့ စက်မှာလည်း လိုက်ရှာပေးဖူးတယ်..။ အဲတုန်းကလည်း တခါမှ မကြုံဖူးသေးတော့ တော်တော်လေးရှာလိုက်ရတယ်..။  ဝင်းဒိုးလည်း မတင်တတ်သေးတော့ အတွေ့အကြုံလည်းမရှိသေး.. ဝင်းဒိုးထဲက စာတွေအများကြီး ဖတ်လိုက်ရတယ်..။ တော်တော်ကြာမှ လုပ်နည်းကိုသွားတွေ့တယ်..။
အဲနည်းက ဝင်းဒိုးထဲမှာပဲရှိပါတယ်..။ သူပြောတဲ့အတိုင်း လုပ်လိုက်တော့ လွယ်မှလွယ် .. အခုပုံမှာပြထားတဲ့ အတိုင်းလေးပါပဲ..။ နောက်တင်မယ့်ပိုစ့်မှာ အမှိုက်ပုံး ထဲက အမှိုက်တွရှင်းတာ ပါမှာမို့လို့ အမှိုက်ပုံးထုတ်နည်းလေး အရင်ပြထားတာပါ..။ အရင်ဆုံး Start ကိုသွား Search programs and files နေရာမှာ Desktop icon လို့ရိုက်ထည့်.. ကျန်တာတွေကတော့ ပုံမှာပြထားတဲ့အတိုင်းပါပဲ.. လိုလိုမယ်မယ် လေ့လာထားသင့်ပါတယ်..။



Apply >> OK နှိပ်ပြီးရင်တော့ Desktop မှာ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံး ပေါ်လာပါပြီ..။

Samsung ဖုန်းများအတွက် မြန်မာဖေါင့် သွင်းနည်း


 (Samsung Galaxy Y  GT-S5360 ဖုန်းဖြင့် စမ်းသပ်ထားခြင်းဖြစ်ပါသည်..။ တခြား Samsung ဖုန်းများတွင်လည်း ဒီနည်းကို အသုံးပြု၊ စမ်းသပ်ခဲ့၍ အောင်မြင်ခဲ့သည်..)
ဒီနည်းလေးကို ကျနော်ကိုယ်တိုင် စမ်းသပ်ထားတာ မဟုတ်ပါဘူး..။ စမ်းစရာလည်း Samsung ဖုန်းမရှိပါဘူး..။ ကျနော့်ရဲ့ သူငယ်ချင်းတစ်ယောက်ဆီမှ ရလာခဲ့ခြင်းဖြစ်ပါတယ်.. သူလုပ်တာတော့ Samsung ဖုန်းအတော်များများမှာ အဆင်ပြေပါတယ်..။ ကျနော်က ဒီနည်းကို တောင်းခံခဲ့လို့ ပညာဒါန အနေနဲ့ ပြန်လည် မျှဝေပေးလိုက်တာပါ..။ Samaung ဖုန်းတွေ အတွက် မြန်မာဖေါင့် သွင်းနည်းနဲ့ မြန်မာစာ ရေးလို့ ရအောင် လုပ်နည်းကတော့..  လိုအပ်တဲ့သူများ အတွက် အောက်မှာ ဆက်ကြည့်ပေးပါ.. ပုံတွေတော့ မပါပါဘူး..။ စာနဲ့ပဲ နားလည်အောင် ရေးပြထားတာပါ..

-Samsung ဖုန်းရဲ့ setting ကိုဝင်ပြီး Display ကနေ Screen display ရှိမရှိ၊ ပါမပါ အရင်စစ်ပါ.. (Screen display မပါရင် မြန်မာဖေါင့် သွင်းလို့ မရနိုင်ပါ..)
-ပါရင် market ကိုဝင်ပြီး.. Fontomizer SP(Font for Galaxy) ကို ဒေါင်းလော့သွင်းပါ..။ (gmail အကောင့် အရင်ဖွင့်ပါ)
-Fontomizer SP(Font for Galaxy) ရဲ့ အိုင်ကွန်ကို ဖွင့်ပါ..။ F သင်္ကေတ ပါတဲ့ အမဲဝိုင်းပုံကို နှိပ်ပါ..။
-Z အထိသွားပါ.. Zawgyi-one စာသားကို နှိပ်၍ ဒေါင်းလော့ လုပ်ပါ..။
-ဒေါင်းလော့လုပ်ရင် Internet ပုံပေါ်လာရင် ဆက်နှိပ်ပါ.. ဒေါင်းလော့ ဝင်လာပါပြီ..
-ရောက်လာတဲ့ ဒေါင်းလော့ဖိုင်ကို ဖုန်းအတွင်းရှိ ဒေါင်းလော့ အိုင်ကွန် တွင်ဖွင့်၍ ရှာပါ..။
-တွေ့လျှင် Install လုပ်ရန်အတွက် Setting ကိုသွားပြီး Applications ကိုဖွင့်ပါ..။ ပြီးလျှင် Unknown  Sources ကို အမှန်ခြစ်ပေးပါ..။
-ဖုန်းမှာပါတဲ့ ဒေါင်းလော့နေရာကို သွားပြီး Zawgyi-one ကိုရွေးပြီး.. OK >> Install အဆင့်ဆင့် နှိပ်သွားလိုက်ပါ..။
-Install လုပ်ပြီးပါက Setting >> Display >> Screen Display >> Font Style >> Zawgyi-One ကိုရွေးပါ..
-ဖုန်းကို Restart (ပိတ်ပြီးပြန်ဖွင့်) ပေးလိုက်ပါ..။ ဒါဆိုရင် မြန်မာစာမြင်ရပါပြီ.. ရေးလို့မရသေးပါ.. မြန်မာစာရေးရရန် မြန်မာ ကီးဘုတ်ကို Market တွင်သွား၍ ဒေါင်းလော့လုပ်ပါ..
-Market တွင်မြန်မာကီးဘုတ်ရှာရန် အတွက် iTextmm2 Keyboad ကိုနှိပ်ပြီး ဒေါင်းလော့လုပ်ယူပါ..။
-Setting ကိုပြန်သွားပါ.. A ပုံပါတဲ့ Locale & text ကိုဖွင့်၍ အောက်ဆုံးသို့ သွားပါ.. iTextmm2 Keyboad ကို အမှန်ခြစ်ပေးပါ..။
-၎င်းအပေါ်မှ Select Input Method ဖွင့်၍ iTextmm2 Keyboad ကို အမှန်ထပ်ခြစ်ပေးပါ..။
-ဒီအဆင့်အားလုံးပြီးရင်တော့ မြန်မာစာကို ရိုက်လို့ရသွားပါပြီ..
  လက်ရှိအသုံးပြုနေတဲ့ ကီးဘုတ်ကို မနှစ်သက်၍ တခြားကီးဘုတ် ပြောင်းသုံးချင်ရင် စာရိုက်မည့် မည်သည့်နေရာတွင်မဆို ၃၊၄ စက္ကန့်မျှ ဖိထားသောအခါ
   Edit text နဲ့ Input method စာနှစ်ခုပေါ်လာရင် Input method ကိုနှိပ်ပါ..။ ထိုအခါ ပေါ်လာသော စာကြောင်းတွေထဲမှ မိမိတို့ ကြိုက်နှစ်သက်ရာ
   ကီးဘုတ်ကို လွယ်ကူစွာ ရွေးချယ်အသုံးပြုနိုင်ပါသည်.. 
အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ..

Internet Cafe - အင်တာနက်ဆိုင်မှာ အသုံးပြုသူများအတွက် မြန်မာစာရေးလို့၊ ဖတ်လို့ရအောင် လုပ်နည်း

 အင်တာနက်ဆိုင်မှာ အသုံးပြုတဲ့ သူငယ်ချင်းတွေက ဒီနည်းကို ပိုစ့်တင်ပေးဖို့ တောင်းထားတာ နည်းနည်းကြာနေပြီ..။ ဒီနေ့မှပဲ တင်ပေးဖြစ်တော့တယ်..။ တကယ်တော့ ဒီလိုလုပ်နည်းလေးတွေကလည်း အားလုံးလိုလို လုပ်တတ်ထားဖို့ လိုအပ်ပါတယ်..။ မြန်မာပြည်မှာနေတဲ့သူများ အတွက်တော့ သိပ်မလိုအပ်ပေမယ့် နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာပြည်သားတွေ အတွက် လုပ်တတ်ထားဖို့ တကယ်လိုအပ်တဲ့ နည်းလေးပါ.. နိုင်ငံခြားက အင်တာနက်ဆိုင်တွေမှာ မြန်မာဖေါင့် သွင်းထားတာ မရှိပါဘူး..။ မိမိတို့ အသုံးပြုတော့မယ်ဆိုမှ အင်တာနက်ကနေ ဒေါင်းလော့ချပြီး Install ဆွဲထည့်ရပါတယ်..။ မြန်မာစာတော့ ဖတ်လို့ ရပါပြီ..  ဒါပေမယ့် ရေးလို့ မရသေးပါဘူး..။ ရေးလို့ရအောင် အခုကျနော် ပြမယ့် နည်းလေးနဲ့ လုပ်ပေးရပါမယ်..။ လုပ်ရတာတော့ သိပ်မခက်ပါဘူး..။ ဒါပေမယ့် အလွတ်ရအောင် လုပ်တတ်ထားဖို့တော့ လိုပါတယ်..။ အရင်တုန်းက ကျနော်ကိုယ်တိုင် ရွာလည်ခဲ့ရတဲ့ နည်းလေးပါ..။ အင်တာနက်ဆိုင်ကိုသွား ဇော်ဂျီဖေါင့်ကိုထည့်ပြီး.. မြန်မာစာ ဖတ်လို့တော့ ရပါရဲ့.. ရေးလို့မရလို့ ဟိုလျှောက်ကလိ၊ ဒီလျှောက်စမ်းနဲ့ အင်တာနက်ဆိုင်မှာ ၃၊၄နာရီသာ အချိန်ကုန်သွားတယ်.. မြန်မာစာတလုံးမှ ရေးလို့မရခဲ့ဘူး..။ နောက်တော့ ဒီနည်းလေးနဲ့ အဆင်ပြေသွားတော့ ကျနော့်သူငယ်ချင်းတွေကိုတောင် သင်ပေးခဲ့သေးတယ်..။ အခုတော့ သူတို့က တော်တော်လေး ဟုတ်နေပြီ..။ အဆင်ကိုပြေလို့..
အခုဒီလုပ်နည်းလေးကို နောက်ပိုင်း ရှာရလွယ်အောင် ကျနော့်ဆိုဒ်ရဲ့ ညာဘက်အခြမ်းမှာ လင့်တခုလုပ်ပြီး ချိတ်ပေးထားမှာပါ..။ ဘယ်သူပဲဖြစ်ဖြစ် ဒီနေရာကနေ အလွယ်လုပ်တတ်အောင်နဲ့ Zawgyi-One Font, Zawgyi လက်ကွက်ဖေါင့်နဲ့ WinRAR 32-bit ၊ 64-bit ၂ခုစလုံးအတွက် ဖူးဗါးရှင်းဖြစ်အောင် WinRAR ကီးဂျန်လေးပါ.. အားလုံးကို Software သက်သက် (WinRAR နဲ့မချုပ်ပဲ) တင်ပေးထားပါတယ်..။ ဒေါင်းလော့ချပြီး ၂ချက်တောက်လိုက်ယုံနဲ့ အသုံးပြုလို့ ရအောင်လို့ပါ..။ အသုံးပြုတဲ့သူတွေအနေနဲ့ ဒေါင်းလော့ချတဲ့အခါ ဒီလင့်တွေ သေနေခဲ့ရင် Cbox မှာဖြစ်ဖြစ်၊ Comments နေရာမှာဖြစ်ဖြစ် အော်ခဲ့ပါ.. ရေးခဲ့ပေးပါ..။ သေသွားတဲ့ လင့်တွေကို ကျနော် ပြန်တင်ထားပေးမှာပါ..။ စာလည်းရှည်နေပြီ.. လုပ်နည်းကို အောက်မှာဆက်ကြည့်လိုက်ပါဗျာ.. အရင်ဆုံး အင်တာနက်ဆိုင်မှာ အသုံးပြုသူများကတော့ Zawgyi-One Font ကို ဒေါင်းလော့ချ Install ဆွဲထည့်ပြီးရင်.. Finish နှိပ် ပြီးရင်.. အောက်ကအပေါ်ဆုံး ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..။ Cancel နှိပ်ပေးလိုက်ပါ..။

Below Update Download Links..
အောက်မှာ လင့်တွေ ပြန်ပြင်ပေးထားပါတယ်..
(မြန်မာစာရေးလို့မရရင် Zawgyi Keyboard ကိုထပ်ပြီး Install လုပ်ပါ..။ မှတ်ချက်။ ။ကိုယ်ပိုင်ကွန်ပျူတာများအတွက်သာ လိုအပ်ပါသည်..။)
(winrarထည့်ပြီးတဲ့အခါ ဖူးဖြစ်အောင်ဒီကောင်လေးကို Install လုပ်ပါ..)
(WinRAR v4.20 ဖူးဖြစ်အောင်လုပ်နည်း ဒီပိုစ့်မှာကြည့်ပါ..။)
အင်တာနက်ဆိုင်မှာ Zawgyi-One Font ကို Install ဆွဲထည့်ပြီးရင် အောက်ကဘောက်စ်လေး ပေါ်လာတဲ့ အခါ Cancel နှိပ်ပေးလိုက်ပါ..

ဒီနေရာမှာ တခုဖြတ်ပြောပြချင်ပါတယ်..။ ကိုယ်ပိုင်ကွန်ပျူတာသုံးတဲ့ သူများအတွက် မိမိတို့ကွန်ပျူတာဟာ 32-bit လား၊ 64-bit လားသိရအောင် ဒီအောက်ကပုံအတိုင်း ရှာကြည့်ပါ..။ 32-bit ဆိုရင် Zawgyi-One Font တခုကိုပဲ Install ဆွဲထည့်လိုက်ပြီး.. Restart ချပြီးရင် (စက်ပိတ်ပြီးပြန်ပွင့်လာရင်) မြန်မာစာ ရေးလို့၊ဖတ်လို့ ရသွားပါပြီ..။ အောက်ကပုံအတိုင်း 64-bit ဆိုရင်တော့ နောက်ထပ် Keyboard Layout For 64-bit (ဇော်ဂျီလက်ကွက်) ကို Install ဆွဲထည့်ပေးပြီးမှ မြန်မာစာ ရိုက်လို့ ရမှာပါ..။ အင်တာနက်ဆိုင်မှာ အသုံးပြုသူများကတော့ Zawgyi-One Font တမျိုးထည်းနဲ့တင် လုံလောက်ပါပြီ.. လုပ်နည်းကို အောက်ကပုံတွေအတိုင်း ဆက်ကြည့်လိုက်ပါဗျာ..။ 

အရင်ဆုံး အင်တာနက်ဆိုင်ကို ရောက်ရင် အောက်ကပုံမျိုး Task Bar ပေါ်မှာ EN ဆိုတဲ့ စာသားလေး ပါတာကို အရင်ကြည့်လိုက်ပါ..။ ပါတယ်ဆိုရင် EN စာသားလေးပေါ်မှာ Right Click ထောက်လိုက်ပါ..။ ပေါ်လာတဲ့ အကွက်လေးထဲက Setting ကို ကလစ်ပြီး ဝင်သွားလိုက်ပါ..။ နောက်ထပ်ဘောက်စ်လေး တခုပေါ်လာရင် Chinese တို့လို တခြားဖေါင့်တွေကို တချက်ကလစ်ပြီး Remove နဲ့ ဖျက်ထုတ်ပစ်ပါ..။ အဲဒီနေရာမှာ EN English (United Kingdom) / (United States) တခုပဲချန်ထားခဲ့ပါ..။ အောက်ကပုံတွေမှာ လုပ်ပြထားပါတယ်..။ ဆက်ကြည့်လိုက်ပါ..။

တကယ်လို့ အင်တာနက်ဆိုင်က မိမိတို့ အသုံးပြုတဲ့ ကွန်ပျူတာတွေမှာ အပေါ်ပုံမှာပြထားသလို Task Bar မှာ EN ဆိုတဲ့စာသား မပေါ်ဘူးဆိုရင် အောက်ကပုံအတိုင်း Setting ရှိတဲ့နေရာကို ဝင်သွားလိုက်ပါ..။ Start >> Control Panel >> Region And Language ကို ကလစ်လိုက်ရင် သူ့ရဲ့ ဘောက်စ်လေးပေါ်လာပါလိမ့်မယ်..။ အဲဒီဘောက်စ်လေးထဲက Keyboard And Language ကိုကလစ်ပြီး နောက်ထပ် Change Keyboard ကိုထပ်ကလစ်ပါ..။ အောက်ပုံ၂ပုံ..


အပေါ်ပိုင်း Task Bar မှ EN >> R/C >> Setting ကနေ သွားလို့ ပေါ်လာတဲ့ ဘောက်စ်နဲ့.. Start >> Control Panel >> Region And Language >> Keyboard And Language >> Change Language ကနေသွားလိုက်လို့ ပေါ်လာတဲ့ ဘောက်စ် အတူတူပါပဲ..။ မလိုတဲ့ Language တွေဖျက်ထုတ်ပြီး EN English (United Kingdom) / (United States) တခုပဲ ကျန်တော့ရင် သူ့ဘေးက Add ကိုကလစ်လိုက်ပါ..။ နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်ထဲမှာ English (United States) or English (United Kingdom) မိမိတို့ အသုံးပြုတဲ့ စက်မှာ ပေါ်လာတဲ့ စာသားအတိုင်း Language ကိုလိုက်ရှာပါ..။ တွေ့ရင် အဲဒီစာသား English (United States) or English (United Kingdom) ရဲ့ ရှေ့က အပေါင်းလက္ခဏာလေး [+] ကိုကလစ်ပါ.. အဲဒီအောက်မှာ စာတန်းလေးတွေ ပြုတ်ကျလာရင်.. အဲထဲက Alpha Zawgyi Myanmar Unicode 2008 နဲ့ နောက်ထပ် Zawgyi Myanmar Unicode L စာသား၂ခု ရှေ့မှာ အမှန်ခြစ်လေးတွေ တပ်ပေးလိုက်ပါ..။ 1,2 နေရာတွေ အောက်ပုံမှာ ဆက်ကြည့်ပါ..။ ပြီးရင် 3 နေရာက OK နှိပ်ပေးလိုက်ပါ..။ 


အပေါ်ပုံလိုမျိုး စာကြောင်း ၃ကြောင်း ဘောက်စ်လေးထဲမှာ ရောက်လာပါပြီ..။ ပြီးရင်တော့ အပေါ်ပုံအတိုင်း Apply >> OK ကလစ်ပေးလိုက်ပါ..။ ဒါဆိုရင် အင်တာနက်ဆိုင်က ကွန်ပျူတာတွေမှာ မြန်မာစာ ရေးလို့ ဖတ်လို့ ရသွားပါပြီ..။ တကယ်လို့ Control Panel က ဝင်လာတာဆိုရင်တော့ နောက်ထပ် ဘောက်စ်လေး တခုပိတ်ပေးဖို့ ကျန်ပါသေးတယ်..။ အောက်ကပုံလေးအတိုင်း Apply >> OK ထပ်နှိပ်ပေးလိုက်ပြီး ပိတ်ပေးလိုက်ပါ..။ မြန်မာစာ ရေးလို့ ရသွားပါပြီ..။ အောက်ဆုံးမှာတော့ Notepad နဲ့ မြန်မာစာ ရေးလို့ ရအောင် လုပ်ပြထားပါတယ်..။ ကီးဘုတ်မှ Ctrl+Shift ကိုတွဲနှိပ်ပြီး အင်္ဂလိပ်စာနဲ့ မြန်မာစာကို တလှည့်စီ ပြောင်းရိုက်ရမယ်ဆိုတာ အားလုံးသိပြီးလောက်ပြီမို့ ပြောပြဖို့မလိုလောက်တော့ဘူး ထင်ပါတယ်..။



ဒီလောက်ဆိုရင် အင်တာနက်ဆိုင်မှာ အသုံးပြုတဲ့သူများ အတွက် အဆင်ပြေလောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်ဤ အဆင်ပြကြပါစေဗျာ..။