welcom to myo min zaw blog

Wednesday 22 July 2015

ပိုက်ဆံ မကုန်ပဲ ဖုန်း Free ခေါ် လို့ရမယ် ApK


အားလုံးပဲ စိတ်ဝင် စားမယ်လို့ ထင်ပါ တယ်ဗျာ.. ။ ကျနော် သူငယ်ချင်း တို့ကို Android Application တစ်ခုနဲ့ မိတ် ဆက် ပေးပါမယ်။ သူငယ်ချင်းတို့အတွက် ဆန်းဆန်းပြားပြား ဖြစ်ချင်မှဖြစ်မယ်.. ကျနော်အ တွက်တော့ နည်းနည်း ထူးဆန်းနေ ပါတယ်။ ကျနော် တစ်နေ့ ပျင်းပျင်းနဲ့ Playstore မှာဝင်ကလိတော့
Internationel Calling Apk တစ်ခုကို သွားတယ် တွေ့တယ်ဗျာ။ အဲတာနဲ့ ဖုန်းထဲ့ ထည့်ပြီး သိတဲ့ အတိုင်းပဲ Free Call ဆိုတော့ အနားမှာရှိတဲ့ ဖုန်းတစ်လုံး စမ်းပြီး ခေါ်ကြည့်တယ် ဗျာ.. ထင်တောင် မထားဘူး ဖုန်းဝင်သွား တာပေါ့။ သေခြားအောင်လို့ နောက်ထပ် ဖုန်းတစ်လုံး ထပ်ခေါ်ကြည့် တယ် ဗျာ.... ရနေပြန်ရော.... ....အဲတော့ ကြိုက်သွားတယ်..... သူငယ်ချင်းတွေ ကိုလဲ ပြန်မျှဝေမယ်လို့ စိတ် ထဲ့မှာ တွေးထားလိုက်တယ်။ Internationel Call ဆိုတော့ ကျနော်မြန်မာပြည်ကို ထိုင်းက ခေါ်ရင်လဲ ရမှာပဲလို့ တွေးမိတယ်.... အဲတာနဲ့ မြန်မာပြည်က အမေ့အိမ်ကို ခေါ်ကြည့်တယ်.... ဖုန်းဝင် သွားပါ တယ်ဗျာ.... အလွန် ဝမ်းသာသွားတယ်.... ဟီး ... မိမိရှိမှာတော့ Internet လိုင်း ရှိနေရပါမယ်... ကိုယ့် ခေါ်မယ် ဖုန်းမှာတော့ အင်တာနက်လိုင်း ရှိဖို့မလိုပါဘူး။ လက်ရှိ ကျနောတင်ပေးတဲ့ Apk ကိုလဲ ထည့် ထား စရာမလို့ပါဘူး.... နော်.

အမြဲတမ်းတော့ Free Call ရနေမှာ မဟုတ်ပါဘူး... ကိုယ့်က အမြဲတမ်း Free Call အဖြစ်နဲ့ သုံးချင်ရ င်တော့ Application ရဲ့ အပေါ်ဆုံးက Free$ ဆိုတဲ့နေရာမှာ Facebook ကသူငယ်ချင်းတွေ Twitter ကသူငယ်ချင်းတွေ Gmail ထဲ့က ဘော်ဒါတွေကို Invite လုပ်ရပါမယ်... အဲ တာ ဆိုရင် တော့ OK တယ်ဗျာ...ဟီးး...ကျနော်တော့ ရှိရှိသမျှ အကောင့်တွေထဲက သူငယ်ချင်းတွေကို Invite လုပ်တယ်..။ သူက Invite လုပ်လို့ တစ်ယောက် Confirm ပြန်လုပ်ရင် ပြား 50$ ပြန်ရမယ်.။ ၂ ယောက်က Confirm ပြန်လုပ်ရင်တော့ 1$ ဒေါ်လာ အများကြီး လုပ်နေမယ် ဆိုရင်တော့ .. ဖုန်းအ ကြိုက် ပြော ဟီးးး.... တစ်ပြားမှ ကုန်တော့ဘူး။
အိုင်ဖုန်း သုံးတဲ့ သူငယ်ချင်းများ အတွက်လဲ အောက်မှာ လင့်ပေးထား ပါတယ်.. စတင် အသုံးပြုမယ် ဆိုရင်တော့ Gmail အကောင့် တစ်ခု သို့ မဟုတ် အခြား Mail တစ်ခုခု ရှိရပါမယ်။ Apk ကို ဖုန်းထဲ့ install လုပ်ပြီးတော့ ဖွင့်တဲ့ အခါကျရင် Register လုပ်ရပါမယ်။
အကောင်းဆုံးကတော့ Gmai အကောင့်တစ်ခုနဲ့ လုပ်တာ အကောင်းဆုံးပဲဗျာ.. Password ကိုတော့ မိမိ ကြိုက်နှစ်သက်ရာ ပေးပြီး မှတ်ထားပေါ့ဗျာ.။ အဲတာဆိုရင်တော့ ဖုန်း Free Call စခေါ်လို့ရပါပြီ။ ကျနော် တို့ Register လုပ်တော့ သူတို့က 1$ ဒေါ်လာပေးပါတယ်။ မိမိ Content လုပ်ချင်တဲ့ သူငယ်ချင်း တစ် ယောက်ကို သာမန်ဖုန်းခေါ် သလို့မျိုးပဲ စခေါ်ကြည့်ပါ။ Caller ID ကိုတော့ Off ပေးထားနော်.။ အောက် မှာ ကျနော် ဖုန်းစမ်းခေါ် ထားတာလေးကို Videos ရိုတ်ပြီးပြန်တင်ပေး ထားပါတယ်။ အဆင် မပြေရင် ပြောခဲ့ပါနော်... လက်တွေ့ စမ်းပြီးမှ တင်ပေးတာဖြစ်လို့ အဆင်မပြေရင် ကျနော် သိသလောက် ပြန်ဖြေ ပေးပါမယ်။

Saturday 18 July 2015

Window 8 , 8.1 Zawgyi Installer



Window 8 , 8.1 အတွက် Zawgyi Font အဆင်ပြေစေမဲ့ Tool လေးပါ . 32bit ရော 64 Bit ရော Support လုပ်ပါတယ်။
လိုအပ်ရင် တော့ အောက်မှာ ရယူပါ။

credit- Mobile Mother

Smart ZawGYi Pro ( for android )





Developerကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro (Bat tool) ကိုတော့သုံးဖူးကြမှာပါ။ 
၂၀၁၃ နိုဝင်ဘာလောက်ကတည်းက ထုတ်ခဲ့ပေမယ့် အခုနောက်ဆုံးထွက်ဖုန်းတွေအထိ error
ကင်းကင်းနဲ့ font သွင်းနိုင်ပါတယ်။ 
Smart Zawgyi Pro (Android version) ဟာ  အရင်ကထွက်ပြီးသား ကွန်ပျူတာ tool ဖြစ်တဲ့ Smart 
Zawgyi Pro ရဲ့ Shell script တွေကို Android ဖုန်းပေါ်ကနေ တိုက်ရိုက်တင် run
ပေးလိုက်တာဖြစ်တာကြောင့် ယခု Smart Zawgyi Pro (Android version) ရဲ့ 
အလုပ်လုပ်ပုံက Smart Zawgyi Pro (Bat tool) နဲ့အတူတူပဲဖြစ်ပါတယ်။

-Android version အားလုံးမှာအလုပ်လုပ်ပါတယ်။
-မြန်မာစာမှန်ကန်စွာထည့်သွင်းပေးနိုင်ပါတယ်။
-သွင်းထားသော Smart Zawgyi Font ကိုမကြိုက်ပါက Uninstall ပြန်လုပ်နိုင်ပါမယ်။

-ကိုယ့်ဖုန်းရဲ့ Android version နဲ့ကိုက်မယ့် Font သွင်းနည်း Method ကို 
ဆော့ဝဲက auto ရွေးချယ်အသုံးပြုပြီး font သွင်းပေးသွားမှာပါ။ 
ဒီထက်ပိုကောင်းတဲ့ Font Changer Tool တွေလည်းရှိမှာပါ။ အခုဟာကတော့ မူရင်း 
Smart Zawgyi Pro ကိုသုံးစွဲနေကြသူတွေအတွက် ယင်း မူရင်း Smart Zawgyi Pro 
ကို Android App အနေနဲ့ပြန်လည်ရေးသားဖန်တီးထားခြင်းပါ။

Smart Zawgyi Pro အား ကိုကျော်စွာသွင်မှရေးသားပါသည်။

Smart Zawgyi Pro (Android version) အား ကိုသက်နိုင်စိုး မှပြန်လည်ရေးသားပါသည်။
Smart Zawgyi Pro (Android version) အားအောက်က link မှာရယူနိုင်ပါတယ်
  http://www.solidfiles.com/d/635449c200/smartzawgyipro_(Thet_Naing_Soe).apk
(Download Site ထဲရောက်သွားရင် Direct Download Link ကိုနှိပ်ပြီး download ရယူပါ)
http://www.mediafire.com/?5bvdgsm1d3d2fb4
https://db.tt/bLKvLnaS
အားလုံးပဲအဆင်ပြေကြပါစေ။
Thet Naing Soe (Myanmar Mobile App Store)
re:Thet Naing Soe 
အားလုံးပဲအဆင်ပြေကြပါစေ။
Thet Naing Soe (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn
re:Thet Naing Soe 

Myanmar Mobile File Manager for Android v1.0 for Android

မြန်မာစာမသွင်းရသေးတဲ့ Android ဖုန်းတွေမှာ ဖိုင်နာမည်တွေကို မြန်မာလိုရေးမှတ်ထားနိုင် ၊ မြန်မာစာနဲ့ရေးထားတဲ့ ဖိုင်နာမည်တွေကို မြန်မာလိုမြင်နိုင်မယ့် Myanmar Mobile File Manager v1.0 for Android 
apkလေးပါ

မြန်မာစာမပါသေးတဲ့ ဖုန်းတွေအတွက် ဖုန်းထဲကဖိုင်တွေ သီချင်းတွေကို မြန်မာလိုရေးမှတ်ထားတာကို မြန်မာစာနဲ့မြင်ရချင်တယ်ဆိုရင် ဒီ MMAS File Manager လေးကအဆင်ပြေစေပါလိမ့်မယ်။ Myanmar Mobile File Manager လေးကိုအသုံးပြုဖို့ ဖုန်းကို root လုပ်ထားရန်လည်းမလိုပါဘူး ။
ဒီ File Manager လေးမှာပါဝင်တဲ့ features တွေကတော့
- မြန်မာစာသွင်းထားစရာမလိုဘဲ ဖုန်းထဲမှာ မြန်မာ font နဲ့ရေးထားသော ဖိုင်များကို မြန်မာလိုမြင်နိုင်ခြင်း
-File Manager တစ်ခုလုံးမြန်မာစာစနစ်ဖြစ်ခြင်း
- File Manager တစ်ခုရဲ့ function များကိုအပြည့်အ၀အသုံးပြုနိုင်ခြင်း
- Myanmar Mobile File Manager ထဲမှတစ်ဆင့် ဖုန်းငွေလက်ကျန်စစ်နိုင်ခြင်း (GSM/CDMA/WCDMA)
-ဖုန်းရဲ့ Device information များကိုကြည့်နိုင်ခြင်း
-ဖုန်းဆော့ဝဲများအား backup လုပ်နိင်ခြင်း
- ဖုန်းတွင်း process ကိုကြည့်ရှုနိုင်ခြင်း တို့ပါဝင်ပါတယ်။
ဒါ့အပြင် Root လုပ်ထားသော ဖုန်းများမှာဆိုလျှင် system ထဲက မလိုအပ်သော ဖိုင်များ ၊ ဆော့ဝဲများကို ၀င်ရောက် delete လုပ်နိုင်တဲ့ Read/Write function ထည့်သွင်းပေးထားပါတယ်။ R/O ခလုတ်လေးကိုနှိပ်ပြီးမှ ဖျက်လိုသော ဖိုင်ကိုဝင်ဖျက်နိုင်ပါတယ်။ ဒီ function ကတော့ root access လိုပါတယ်။ ကျန်တဲ့ features တွေက root မလုပ်ထားတဲ့ဖုန်းတွေလည်းအသုံးပြုနိုင်ပါတယ်။
Myanmar Mobile File Manager ကို Android version 4.0.3 နှင့်အထက်ရှိတဲ့ Android ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။
Android ဖုန်းတွေအတွက်ရှိထားသင့်တဲ့ application လေးတစ်ခုဖြစ်ပါတယ်။ Myanmar Mobile File Manager for Android ကို Open File Manager ကိုအခြေခံ၍ ရေးသားဖန်တီးထားပါတယ်။
Myanmar Mobile File Manager for Android v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်

ZERO FACEBOOK for Android


Telenor Sim အသုံးပြုကြတဲ့ မိတ်​​ဆွေများအတွက်​  telenor က free ခွင်​ပြုထားတဲ့ zero facebook apk ​လေးနဲ့  facebook ကို free သုံးနိုင်​ပါပြီ။ လိုအပ်​ရင်​ ​အောက်​မှာ ယူလိုက်​ကြပါ​နော်

IC ringtone apk


IC .( IRON CROSS )ခရေစီ ဘော်ဘော်တွေ အတွက်
IC RINGTONE APK လေးကိုတင်ပေးလိုက်ပါတယ်။
ဒီ APK လေးမှာ လေးဖြူ  ၊အငဲ  ၊ မျိုးကြီး ၊ ဝိုင်ဝိုင်း တို့ ရဲ့ 
သီချင်းများကို ringtone ပြုလုပ်ထားပါတယ်။
မူလပိုင်ရှင်ကိုတော့မသိတော့ပါဘူး။
ဒါပေမယ့် ဒီနေရာကပဲ CREDIT ပေးပါတယ်နော်။
အသုံးပြုချင်ရင်တော့ အောက်မှာဒေါင်းသွားလိုက်နော်

ZAPYA MYANMAR for android


zapya ကို မြန်မာမှုလေးနဲ့  သုံးချင်ကြတယ်ဆိုတဲ့
သူငယ်ချင်းများအတွက် 
zapya myanmar apk လေးကို ပြန်လည်ရှာဖွေ
တင်ပေးလိုက်ပါတယ်ဗျာ။

Apk Creator for andrid


androidမှာ ကိုယ်ပိုင်apk လုပ်ခြင်
ပါတယ်ဆိုတဲ့ သူငယ်ချင်းများအတွက်
ကိုယ်တိုင် အလွယ်လုပ်နိုင်တဲ့ android apk လေးပါ။
ဝါသနာပါရင် စမ်းကြည့်လိုက်ကြပေါ့နော။

iMyanmar Dictionary 1.0 apk




ထွေထွေ ထူးထူး ပြောဖို့ တော့လိုမယ် 
မထင်ပါဘူး။ Dictionary တွေ များစွာထဲကမှ
ပြည့်စုံကောင်းမွန်လို့  တင်ပေးလိုက်တာပါ။
အသုံးလိုရင်တော့ ဒေါင်းလိုက်ပေတော့ဗျို့ 


Friday 17 July 2015

COMPUTER အင်တာနက်ကို usbဖြင့်ချိတ်ဆက်ပြီး ဖုန်းတွင် အသုံးပြုနည်း

 
 အရင်ကတင်ပေးထားခဲ့ဘူးပါတယ်......ပြန်တင်ပေးလိုက်တာပါ.....
လိုအပ်ချက်တွေ ကတော့
1.PC ( Personal Computer ) မှာ အင်တာနက် ချိတ်ထား ရပါမယ်..
2. မိမိ အသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသား ဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန် မှန်ကန်နေရမှာ ဖြစ်ပါတယ်..
လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာ ဖြစ်ပါတယ်... သာမန်အားဖြင့် Settings>> 
Application >>Development>>USB Debugging မှာ အမှန်ခြစ် ရပါတယ်.. Android 4.2 နှင့် 
အထက် သမားတွေ ကတော့ ဒီမှာ ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install 
လုပ်ပြီး ရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက် လိုက်ပါ...

3. အောက်မှာ ပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...

4. ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့
 Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ ဘောက်မှာ Select Device ဆိုတဲ့ အကွက်ကို နှိပ်ပြီး ကိုယ့်ဖုန်း 
အမျိုးအစားကို ရွေးပေးပါ... 
မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) 
ကိုယ့်ဖုန်းကို သိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေ ပါလိမ့်မယ်..
 6. ခဏ ကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember 
ကို အမှန်ခြစ်ပြီး Allow ကို နှိပ်ပေးလိုက်ပါ..
7. အားလုံးပြီး သွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ ရပါပြီ ခင်ဗျာ...
တစ်ချို့ အခက်အခဲ တွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်. ဒါလုပ်ပြီး 
သွားရင် တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့် နိုင်ပါသေးတယ်... 

အဆင်ပြေကြ ပါစေခင်ဗျာ..မြ၀တီ နည်းပညာဆိုက် .. myawaddy.com.mm မှ ကူးယူဖော်ပြပါသည်၊
အဆင်ပြေပါစေဗျာ

Internet Speed Hack v6.1

 
တောင်းတဲ့သူရှိလို့ အဟောင်းလေးပြန်ရှာ
ပြီးတင်ပေးလိုက်ပါတယ်
Internet Speed Hack v6.1 ဟာ ကိုယ်နဲ့ Network Group တစ်ခုအတွင်းမှာရှိတဲ့ Connection Speed ကို ဆွဲယူသုံးစွဲဖို့ ဆောင်ရွက်ပေးပါတယ်.. Wifi Group ဆို ပိုကောင်းတာပေါ့ဗျာ.. ဒီကောင်နဲ့သုံးလိုက်တာနဲ့ အခြားလူတွေ Speed ကျသွားပြီး ကိုယ်တစ်ယောက်တည်း အတွက်ပဲ တက်လာမှာဖြစ်ပါတယ်.. ကွန်ပျူတာမှာ .Net Framework 4.0 နှင့်အထက် လိုအပ်မှာဖြစ်ပါတယ်..
အသုံးပြုတာကတော့ ဒီကောင်ကို Run လိုက်ပါ..
ပြီးရင် ပေါ်လာတဲ့ဘောက်ထဲက Internet Speed ခေါင်းစဉ်အောက်မှာ အမြင့်ဆုံး speed ကိုရွေးလိုက်ပြီး Patch ကိုနှိပ်လိုက်ပါ.. ဒါဆို Loading လုပ်နေတဲ့ဘောက်တက်လာမှာဖြစ်ပါတယ်.. ခဏစောင့်ပြီး OK ပေးလိုက်ပါ.. ပွင့်နေတဲ့ ဘောက်ကို မပိတ်ရဘူးနှော်.. ပိတ်လိုက်ရင် ရပ်သွားမှာဖြစ်ပါတယ်.
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>> mirrorupload (or)zippyshare (or)sendspace (or)mediafire
ကိုမောင်ပေါက်ဆိုဒ်မှ ပြန်လည်ကူးယူဖော်ပြသည်

IOS.7 နှင့်အထက်​ မြန်​မာစာ၊မြန်​မာကီးဘုတ်​ထည့်​နည်း

IOS 7 တွင် မြန်မာစာ မထည့်တတ်သူတွေ ထည့်နည်း အပြည့် အစုံမသိသေးသူတွေဒီနည်းအတိုင်း လုပ်ကြည့်ပါ -လေ့လာလိုသူများ

အောက်ကလင့် မှာဆွဲပါ။ဒီနည်းက ကိုမိုးသကြားရေးထား တာပါ ပြန်လည်မျှဝေခြင်းဖြစ်ပါ၏

Download -IOS7+++မြန်မာဖောင့်နဲ့ ကီးဘုတ်ထည့်နည်း.pdf

✏ ✏ Credit➳ ​မောင်​စွယ်​စုံကျမ်း

အင်တာနက်အသုံးပြုနည်းလမ်းညွန်(မျိုးသူရ)

စာအုပ်အမည် - အင်တာနက်အသုံးပြုနည်းလမ်းညွန်
စာရေးသူ - မျိုးသူရ

အင်တာနက်,ဝက်ဆိုဒ်လမ်းညွန် နှင့် Facebook အသုံးပြုနည်း - သူရအောင်(B.C.Sc)

စာအုပ်အမည် - အင်တာနက်,ဝက်ဆိုဒ်လမ်းညွန် နှင့် Facebook အသုံးပြုနည်း
စာရေးသူ - သူရအောင်(B.C.Sc)