welcom to myo min zaw blog

Wednesday 16 December 2015

Basic English Listening Skill APK





Listening skills အားနည်နေသူများအတွက် Basic English Listening apk လေးဖြစ်ပါတယ်..အထူသဖြင့် Listening skills စလုပ်မယ့်သူတွေအတွက်အထူသင့်တော်ပါတယ်..ဒီapp မှာတော့ Listening lessons ပေါင်းများစွာပါဝင်ပါတယ်..တကယ်တော့ အင်္ဂလိပ်စာသင်တဲ့နေရာမှာ Listening skills ဟာအရေးအလွန်းကြီးပါတယ်..တစ်ချို့တွေကပြောတာဆို...အသံဖိုင်နားထောင်ပြီးသင်တာဟာ စာအုပ်ပေါ်လေ့လာတာထက် အတတ်မြန်တယ်တဲ့...
ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...

english Speaking and Listening Apk



ကဲအင်္ဂလိပ်စာသင်နေသူတွေ...ကော်နချိန်ရှိရင် အသံကိုနားထောင်လို့ရပြီး ကော်နချိန်မရှိရင်လည်း စာတွေကို ဖတ်လို့ရပါတယ်....အင်္ဂလိပ်စာလေ့လာနေသူတွေ ဒေါင်းယူထားသင့်တဲ့ apps တစ်ခုဖြစ်ပါတယ်ဗျာ..Level 1 ကနေ Level 7 အထိပါဝင်တာမို့...အင်္ဂလိပ်စာသင်နေသူတွေအားလုံးအတွက် သင့်တော်ပါတယ်.....အသံဖိုင်တွေကို နားဆင်မယ်ဆိုရင်တော့...ကော်နချိန်လိုမှာဖြစ်ပါတယ်....နော်..တကယ်လို့အဆင်မပြေတာတွေရှိရင်လည်း ကော်မန့်ထားခဲ့ပါ....
www.english4mm.com

Saturday 12 September 2015

facebook မှာမိမိအကောင့် ကို ပြန် hack ကျမယ် (လော့ ကျသူများ ) အတွက်



facebook  မှာ lock ကျနေ တဲ့ မိမိရဲ့ အကောင့် ကို မိမိဘာသာ ပြန် hack ကျမယ်ဗျာ။ လော့ ကျနေတဲ့ အကောင့် တော်တော်များများ အတွက်အသုံးဝင်မှာပါ။ နိုင်ငံခြားမှာနေတဲ့ မိတ်ဆွေ တွေအတွက်တော့  ပြသနာမရှိ ပေးမယ့် မြန်မာပြည်မှာ နေတဲ့ မိတ်ဆွေတွေအ
တွက်ကျတော့  ဖုန်းနံပါတ်တွေ photo တွေပြပြီးရွေးခိုင်းတာမှာတစ်နေတတ်ပါတယ်။ ကဲအခုပြောပြမဲ့ နည်းလမ်းလေး  နဲ့ မိမိ အကောင့် ကိုမိမိပြန် hack ကြည့် ပါ။ေိေိ ဘာဖြစ်လို့ ဒီလို နည်းလမ်းကိုပြောပြရသလဲဆိုတာကတော့   ဒီနည်းလမ်းကိုသိထားခြင်းအားဖြင့်  မိမိကိုယ်မိမိ ကာကွယ် နိုင်သလို security ယိုပေါက်တွေကို မီးမောင်းထိုးပြ ပေးခြင်းသဘောပါ။
အားလုံးအတွက် fair ဖြစ်ပါတယ်။ဟက်ချင်တဲ့ သူလည်း ဟက်ကြပေါ့ ဗျာ ။




ဒီနည်းလမ်းကို 3 trusted friends နည်းလမ်းလို့  ခေါ်လို့ ရပါတယ်။ တကယ်တော့  facebook ကတရားဝင်ခွင့် ပြုထားပါတယ်။ အကောင့် တွေလော့ ကျရင် 3 trused friends နည်းလမ်းနှင့် ပြန်လည်ရယူခြင်းပါ။  hacker တော်တော်အများစုက တော့ ဒီနည်းလမ်းကိုသိပြီးသားပါ။
ကျွန်တော်လည်းပြန်လည်မျှဝေချင်ယုံသက်သက်ပါ။



ဘာတွေလိုအပ်မလဲ
=======================
facebook လုံးဝ မဖွင့် ရသေးသော အီးမေး အသစ်တစ်ခု
security question 
သူငယ်ချင်း ( ၃ ဦး ) ၏ အကူအညီ ။

ဒီနေရာမှာ တော်ရုံတန်ရုံအကောင့် ကတော့  ရပါတယ် ဘာဖြစ်လို့ လဲဆိုတော့ မိမိ အကောင့် ကိုမိမိ ပြန်ဟက်တာပဲေိေိ ဘာပြသနာမှမရှိပါဘူး။ သူများအကောင့် တွေ hack မယ်ဆိုရင်တော့ 
ညဏ်ကိုလွာ သုံးမှ ရပါမယ်။


 


( အဆင့်-1)  မိမိရဲ့ အီးမေး နံပါတ် (သို့  မဟုတ် ) hack ချင်တဲ့ အကောင့် အီးမေးကိုထည့် ပေးပါ။

ပြီးရင် forgot your password ကိုနိုပ်ပါ။





( အဆင့်-2 ) မိမိရှာချင်တဲ့ အီးမေး ( hack ) ချင်တဲ့   အကောင့် ကို ဒီမှာတစ်ခါထပ်ထည့် ပေးပါ။ပြီးရင် search ကိုနိုပ်ပါ။





( အဆင့်-3 )  အနီရောင်ကွင်းလေးဘောင်ခတ်ထား တဲ့  နေရာကိုနိုပ်ပါ။




( အဆင့်-4 ) facebook မဖွင့် ရသေးသောအီးမေး အသစ်ကို နှစ်ခါရိုက်ထည့် ပေးလိုက်ပါ။








( အဆင့်-5 )  seurity question ကိုဖြေပေးရပါမယ်။တစ်ချို့ အကောင့် တွေကတော့ security မရှိ ရင်ရင်တော့  အောက်ကပုံလေးအတိုင်းလုပ်ပေးပါ။
Continue ဆိုတာကိုပဲ ဆက်နှိပ်ပါ။








(အဆင့်  -6 ) continue ကိုဆက်နိုပ်ပါ။

 



(အဆင့် - 7 )    Facebook အကောင့်ထဲက 3 trusted friends (သူငယ်ချင်း ၃ ယောက်ကို )  ရွေးရပါ မယ် ။အဲဒီသူငယ်ချင်း ( ၃ ) ယောက်ဆီကို facebook မှ ကုဒ်နံပါတ် ပို့ ပေးမှာဖြစ်ပါတယ်။ တစ်ကြိမ်မှာ တစ်ယောက် ပဲရွေးလို့ ရလို့  ( ၃ ) ခါဆက်တိုက်ရွေးပေးရမှာဖြစ်ပါတယ်။


(အဆင့် - ၈ ) ရွေးချယ်ထားတဲ့ သူငယ်ချင်းတွေပုံပါ။သူတို့ ဆီကိုကုဒ်နံပါတွေရောက်သွားမှာဖြစ်ပါတယ်။ Send Codes to Friends ဆိုတာကိုနှိပ်လိုက်ပါ..။






( အဆင့်-9 )   စောစောကအပေါ်မှာရွေးချယ်ခဲ့ တဲ့  သူငယ်ချင်းတွေဆီကို facebook မှကုဒ်နံပါတ်တွေ ပေးလာပါလိမ့် မယ် ။ ၄င်း ကုဒ် နံပါတ် ကို ရိုက်ထည့် ပေးပါ။  Submit Condes ကိုနိုပ်ပေးပါ။








ဒါဆိုရင်သင့် အကောင့် ကို recovery လုပ်လို့ ရပါပြီ။ဒါကြောင့်  facebook မှာ
ကာကွယ်ရမယ့်အချက်တွေကတော့

 Facebook   မှာ ဖွင့်ထားတဲ့    Emailကို   Only Me   လုပ်ထာပါ။

Security Question ကို လေးလေးနက်နက်ပြုလုပ်ထာပါ ။

မိမိ မသိတဲ့  အကောင့် တွေလာ အက်ရင်  သတိထားလက်ခံပါ။


Security Question   များကို သေသေချာချာ လုပ်ထာပါ ။

Facebook အကောင့်များ Lock ကျခြင်းနှင့် ကာကွယ်ခြင်း



  2013 နှစ်ဦးပိုင်းမှစပြီး Facebook.com က Security ကိုထပ်မြှင့်လိုက်တဲ့အတွက် Facebook Account အတော်များများ Lock ကျခြင်းနဲ့ မကြာခဏ ကြုံတွေ့ကြရပါတယ်။မေးမြန်းတာတွေ။ဖြေရှင်းပေးရတာတေ လဲ နေ့စဉ်လိုလိုပါဘဲ။
Lock ကျရင်အီးမေးလ်ကို Verify Code ပို့ခိုင်း၊အဲဒီ ကုဒ်ကိုထည့်၊နောက်တဆင့်ဆက် သွား၊သူငယ်ချင်း ၅-ယောက် ကိုပုံနဲ့နာမည်နဲ့ထပ်တူဖြစ်အောင်ရွေးပေး..ဒါဆိုအကောင့်ကပြန်ရပါပြီ။
ဒါပေမဲ့ Chat လို့မရ၊Add လို့မရသေးပါဘူး။သတ်မှတ်ရက်ပြည့်မှ ပုံမှန်ပြန်သုံးလို့ရပါတယ်။အကောင့်ပြန်ယူနည်း ကိုတော့အတော်များများရေးထားကြလို့အသေးစိပ်ကျွန်တော်မရေးပြတော့ပါဘူး။အခုကျွန်တော်ပြောပြချင်တာ က ဘာကြောင့် Lock ကျရသလဲ ဆိုတာနဲ့ Lock မကျအောင် ကာကွယ်ဖို့နည်းပါ။ဒီအကြောင်းအရာကလဲ Facebook.com မှ ကျွန်တော့်အီးမေးလ်ကို ပို့ထားတဲ့ Report တွေကိုအခြေခံပြီး ဒီပို့စ်လေးကိုရေးလိုက်ရတာ ဖြစ်ပါတယ်။

Facebook Account များ ဘာကြောင့် Lock ကျရသလဲ..?

၁။အကောင့်ကို Log in ဝင်သည့်အခါ Password မကြာခဏ မှားရိုက်ခြင်း။
 
၂။Log in ဝင်ပြီး Fb ကစားပြီးသည့်အခါ Log out မလုပ်ဘဲ Browser ကိုတန်းပိတ်ပစ်ခြင်း။
၃။အကောင့်တခုထဲကို ၁-နေရာထက်ပို၍ တပြိုင်နက်သုံးခြင်း။(ဥပမာ-ကွန်ပြူတာမှာသုံးနေသလို ဖုန်းမှာလဲ
  Log in ဝင်ထားခြင်းမျိုး။
 
၎။Facebook Password သညှ် Strong မဖြစ်ခြင်း။(Pasword က ဂဏန်းသက်သက်(သို့)စာသက်သက်
  (သို့)အရေအတွက်နဲပြီး လွယ်ကူနေခြင်း....စသဖြင့်)
  **Password တခု က စာ ကြီး/သေး၊ဂဏန်း/သင်္ကေတ များပါဝင်ပြီးအနည်းဆုံး ၁၀-လုံးနဲ့အထက် ရှိသင့်ပါ
      တယ်။ဒါမှ Strong ဖြစ်မှာပါ။
 
၅။တကြိမ်ထဲဖြင့် သူငယ်ချင်းများကို (၅)ယာက်ထက်ပို၍ Add လုပ်ခြင်း။ 
 
။Section တခုမှတခုကြည့်ရန် ကူးပြောင်းသည့်အခါ Browser အလုပ်ပြီးသည်ထိမစောင့်ဘဲ ဆက်တိုက်
နှိပ်၍ ဝင်ခြင်း။(ဥပမာ-Home မှ Profile,App, Friend's Profile...စသဖြင့်)
 အထက်က အချက်တွေကြောင့် Lock ကျရခြင်း ဖြစ်ပါတယ်။

  Lock မကျအာင်ဘယ်လို ကာကွယ်မလဲ..?

၁။အထက်ကအချက်တွေကိုဂရုစိုက်ပြီး Fcebook ကိုသုံးပါ။
 
၂။Account Setting မှာဝင်ပြီး Security Question ကိုဖြေဆို Save လုပ်ထားပါ။
   ကိုယ်ဖြေထားတဲ့အဖြေကိုတော့ သေချာမှတ်ထားဘို့လိုအပ်ပါတယ်။
 
   ဥပမာ...မိမိရဲ့ အမေ မွေးတဲ့မြို့ ကဘာလဲ  ..ဆိုတဲ့မေခွန်းကို  
             (Yangon) လို့ဖြေခဲ့ရင် အဲဒီအဖြေကိုသေချာမှတ်ထားပါ။
 
၃။Password ကို Strong ဖြစ်အောင်လုပ်ပါ။
 
၎။လိုအပ်ရင် Fixya.com ကိုဝင်ပြီး FB နဲ့ဆက်သွယ်ထားပါ။
   ဒါဆိုရင် Lock ကျခြင်းက ကင်းလွတ်ပြီး ပျော်ရွှင်စွာ သုံးနိုင်မှာပါ။        
 
 
အားလုံးအဆင်ပြေနိုင်ကြပါစေ

Lock ကျနေသော Facebook အကောင့်ကို SMS (text massage) ဖြင့် Android ဖုန်းမှပြန်လည်ရယူနည်း



ဒီနည်းဟာ နည်းနည်းရှုပ်ထွေးပါတယ် ဒါကြောင့် သည်းခံပြီးဖတ်ရှုးပေးပါ

ပထမဆုံး လိုအပ်တဲ့ များကိုဒေါင်းလိုက်ပါ...
လိုအပ်တဲ့ Software များကတော့.....

၁ ။ Hostpost shield VPN
https://www.dropbox.com/s/t6vm3qtowoneh5g/Hotspot%20Shield%20VPN.apk

၂ ။ Talkatone
https://www.dropbox.com/s/451r20lp51wpb27/Talkatone.apk

Install လုက်ပြီးရင် အရင်ဆုံး
Hostpost shield VPN ကိုဖွင့်ထားလိုက်ပါ

၁ ။ Talkatone app ကိုဖွင့်လိုက်ပါ ပြီရင် Try Talkatone For Free ကိုနှိပ်ပါ

၂ ။ ပြီးရင် Sing up စာမျက်နှာကိုရောက်ပါမယ် First Name ၊ Last Name ၊ Gender ၊ Age Group များကိုသတ်မှတ်ပေးပါ
ဖုန်နံပါတ်နေရာတွင်မထည့်ရင်လဲရပါတယ် ပြီးရင် Email နဲ့ Password သတ်မှတ်ပါ...

inbound calls
outbound calls
တိုကိုအမှန်ခြစ်ပြီး
Register ကိုနှိပ်လိုက်ပါ

၃ ။ Massage Box တွေကျလာရင် Accept လုပ်ပေးလိုက်ပါ

၎ ။ Enter area code နေရာတွင်
202 ဟုရေးပြီးခေတ္တစောင့်ပါ
တခြား area code တွေသိရင်လဲ ထည့်လို့ရပါတယ်

၅ ။ ဖုန်းနံပါတ်များကျလာပါက မိမိနှစ်သက်ရာ နံပါတ်တစ်ခု ရွေးပြီး Get number ကိုနှိပ်လိုက်ပါ

၆ ။ Congratulations !
your temporary talkatone number is a (020) ------ ဟုပေါ်လာလျင်
Home ခလုတ်ဖြင့်ထွက်ပြီး

၇ ။ email ကို သွားကာ Talkatone မှ ပို့ထားသော email ကိုရှာပါ inbox တွင်မတွေ့ပါက spam folder တွင်သွားရှာပါ

၈ ။ Talkatone မှ Mail ကိုတွေ့ပါက ဖွင့်ပြီး Click here ကိုနိပ်ကာ confirm လုပ်ပေးပါ ခေတ္တခန့်စောင့်ရပါမည်

၉ ။ Congratulations! Your have successfully registered
your talkatone account ဟုပေါ်လာလျင် ဖုန်းနံပါတ် ရရှိပါပြီး

၁၀ ။ Talkatone app အား ၀င်ရောက်ပြီး Contact ထဲမှ အပေါ်ဆုံးတွင် သင်ပိုင်ဆိုင်ထားသော ဖုန်းနံပါတ် ရှိပါမည်
My Number: (202 ) -------

Talkatone အကောင့်ပြုလုပ်ပြီးပါပြီ ဆက်လက်ပြီး Talkatone
အကောင့်ဖြင့် Facebook confirm ပြုလုပ်ပုံကိုဖော်ပြပါမယ်
မှတ်ချက် မည်သသည့် SMS Verification မျိုကိုမဆိုပြုလုပ်နိုင်ပါသည်။

အခုတော့ Facebook အကောင့် Verify လုပ်နည်းပါ

၁ ။ Lock ကျနေသော Facebook အကောင့်ကို Browser မှာဝင်လိုက်ပါ ပြီးရင် Security check ဆိုတဲ

စာလိမ်ကိုမှန်အောင်ရိုက်ထည့်လိုက်ပါ....

၂ ။ ပြီးရင် Country နေရာတွင် United State ကိုရွေးပြီး ဖုန်းနံပါတ်နေရာတွင် Talkatone မှ ဖုန်းနံပါတ်ကိုထည့်ကာContinue ကိုနှိပ်

ခဏစောင့်ပြီး Home ခလုတ်ဖြဖင့်ထွက်လိုက်ပါ
မှတ်ချက်။ ။Home ဖြင့်သာထွက်ရန် Back ဖြင့်မထွက်ရ...

၃ ။ Talkatalk ထံသို့ Facebook မှ ပို့ပေးသော Verification code ရောက်နေပါမယ် ထို code အားမှတ်ယူခဲ့ပါ

၎ ။ Facebook ၀င်ထားသော browser ထဲသို့ပြန်သွားပြီး ထို Verification code အားရိုက်ထည့်ပြီး Confirm button ကိုနှိပ်လိုက်ပါ

ဒါဆို Facebook အကောင့်ကို ပြန်လည် ရယူနိုင်ပါပြီ Screen Shot များကိုလဲ ဖော်ပြပေးထားပါတယ်

 

 

 
 
  

  

  

Credit = B4rb3
 

Internet Download Manager သုံးမရဖြစ်နေရင် ဖြေရှင်းနည်း [1000000% Working]





Internet Download Manager 6.18 Build 8 Final (Released: Nov 28, 2013)

What's new in version 6.18 build 8 ?

(Released: Nov 28, 2013)
IDM ချည်းပဲ ခဏ ခဏ ရှင်းနေရလို့ New User တွေအတွက် လွယ်တာလေးကို တင်ပေးလိုက်ပါတယ်....။ ဒီလောက်လွယ်တာတော့ အခြားမှာ မတွေ့ရသေးပါဘူး ဒါအလွယ်ဆုံးနည်းပါ...:)


 New User တွေ အဖြစ်များတဲ့ IDM ပြဿနာလေးကတော့ အင်တာနက်ထဲကနေ IDM ကို 30-day trial version ကိုဒေါင်းယူပြီး သုံးတတ်ကြပါတယ်... ရက် ၃၀ ပြည့်တဲ့အခါ IDM က အလုပ် မလုပ်တော့ပါဘူး... ဒါမှမဟုတ် IDM က တစ်လမှာ အနည်းဆုံး နှစ်ကြိမ်လောက် Update ထွက်တတ်ပါတယ် .. အဲ့ဒီအခါ IDM ကို Update လုပ်ပေးမိရင်လည်း IDM ကသုံးမရတော့ပြန်ပါဘူး Serial Key ထည့်ပါ (သို့) ၀ယ်ပါဆိုပြီး အတင်ခိုင်းပါတော့တယ်..... အဲ့ဒီအတိုင်း Trial ရက်ကုန်ဆုံးသွားလို့ ဖြစ်စေ Update လုပ်ပေးမိလို့  Serial Key တောင်းနေလို့ဖြစ်စေ IDM က လုံးဝ သုံးမရဖြစ်နေရင်.... အောက်က နည်းလမ်း အတိုင်းသာ လုပ်ပေးလိုက်ပါ....

(ပထမဆုံး IDM မရှိသေးသူများကတော့ မူရင်းဆိုက်ဒ်ကနေ Update ဖြစ်နေတဲ့ နောက်ဆုံး Version ကို ဒီနေရာကတဆင့် >>>  IDM Trial Version <<< ဒေါင်းယူပါ...Next အဆင့်ဆင့်နဲ့ Install လုပ်ပါ... Finish ကိုနှိပ်ပါ... Serial Key တောင်းတဲ့ Box လေးတွေတတ်လာရင် ပိတ်ပစ်ပါ...  IDM ကို မ Run ပါနဲ့ဦး Run နေရင် ကွန်ပြူတာရဲ့ ညာဘက်ထောင့်နားက Tray Icon ထဲမှာ IDM Logo လေးပေါ်ကို Right Click > Exit ပေးလိုက်ပါ .....
 ပြီးမှ ဒီအောက်က Patch ဖိုင်လ်လေးကို  ဒေါင်းယူပါ... Rar ဖိုင်လ်လေးကို ဖြည်ပြီး UniPatch 2.7.exe ဆိုတဲ့ exe လေးကို Double Click နဲ့ Run ပေးပါ ... ခဏစောင့်ပါ... ကျန်တာတွေကိုတော့ အောက်မှာဖေါ်ပြထားတဲ့အတိုင်း တစ်ဆင်ချင်း လုပ်ပေးလိုက်ရင် Full Version အဖြစ်နဲ့ အမြဲတမ်း သုံးလို့ရသွားပါပြီ...) 

(အရေးကြီးဆုံးအချက်ကလေးတွေကတော့ ဒီအောက်က Patch လေးကို မ Run ခင် IDM ကို Exit ပေးထားပါ..... ပြီးတော့ Patch,Crack တို့ကို တချို့ Antivirus တွေက Virus အဖြစ် သတ်မှတ်တတ်ပါတယ်.. Patch,Crack တွေ ဖွင့်မရဖြစ်နေရင်တော့ Antivirus ကို ခဏ Disable ပေးထားဖို့ လိုအပ်မှာပါ... )



Download Link Update (29 Nov 2013)
Download IDM New Patch


 အပေါ်က Download Link ကိုနှိပ်ပြီး Patch ဖိုင်လ် လေးကို ဒေါင်းယူလိုက်ပါ 300KB ကျော်လေးပဲရှိပါတယ်..။ 

(ဒီ ၀က်ဆိုက်ဒ်က Software တွေ မဒေါင်းတတ်ဘူးဆိုရင် ဒီ Video လေးကို ကြည့်ပေးပါ )

  UniPatch 2.7.exe ဆိုတဲ့ exe ဖိုင်လ်လေးကို Double Click နဲ့ Run လိုက်ပါ..
 ခဏနေရင် အောက်ကပုံလေး အတိုင်း box လေးတစ်ခု ပေါ်လာပါလိမ့်မယ်...



Patch ကို နှိပ်ပါ...။


နောက်ထပ်ပေါ်လာတဲ့ အနီရောင် အကွက်လေးမှာ မိမိနာမည်ဖြစ်စေ (သို့)  ကြိုက်တဲ့
စာလုံး ဖြစ်စေ တစ်ခုခု ရေးထည့်ပေးပြီး... အပြာရောင်နဲ့ ပြထားတဲ့ OK ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် IDM ကို Full Version အဖြစ် အမြဲတမ်းသုံးလို့
ရသွားပါပြီ.....။

 နောက်တခါ IDM အလုပ် မလုပ်တော့ရင် (သို့) Update လုပ်ပေးလိုက်မိလို့  Serial Key တောင်းနေရင် (သို့) သုံးမရဖြစ်နေရင် အဲ့ဒီနည်းလမ်းအတိုင်းသာ လုပ်ဆောင်ပေးလိုက်ပါ 1000000% လုံးဝ အဆင်ပြေပါတယ်..... :D

IDM နဲ့ ပါတ်သက်ပြီး  Uninstall လုပ်မရ (ထုတ်မရ) Install လုပ်မရ (သွင်းမရ) ဖြစ်နေတာကို  ဒီပို့စ်မှာ ဖတ်ပေးပါ...။ (လုံးဝ အဆင်ပြေသွားစေရပါ့မယ်)



 နောက်တစ်ခုက IDM ကို Update လုပ်မိရင်း  Serial Key တောင်းနေလို့ ဒေါင်းမရဖြစ်နေရင် (သုံးမရဖြစ်နေရင်)  ဒီပို့စ်မှာ ဖတ်ပေးပါ...။ (လုံးဝ အဆင်ပြေသွားစေရပါ့မယ်)



IDM ရဲ့ နောက်ဆုံးထွက် Update Version တွေ လိုအပ်ခဲ့ရင်တော့ ဒီ Label မှာ  Vresion မျိုးစုံ ရနိုင်ပါတယ်..။ (လုံးဝ အဆင်ပြေသွားစေရပါ့မယ်)
.



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဒါကတော့ နောက်တစ်မျိုးပါ .. ဒီ Website မှာ တင်ပေးနေကျဖြစ်တဲ့ (Just Double Click to Install) လေးပါ... ဘာ Serial Key ဘာ Crack,Patch တွေမှ မလိုပါဘူး....အပ်ါကလို Patch တွေ Crack တွေ သုံးနေစရာမလိုပါဘူး....

အသုံးပြုမယ်ဆိုရင်တော့  မိမိတို့ စက်ထဲမှာ အရင်ကရှိနေတဲ့ Internet Download Manager ကို Uninstall လုပ်ချင်လည်း လုပ် မလုပ်ချင်ရင်လဲ ရပါတယ် Error တတ်တယ်ဆိုရင်တော့ Uninstall လုပ်ပေးပါ.... စက်ကို Restare ချပါ idman615b11.exe ဖိုင်လ်လေးကို  Run ပေးပြီး ထုံးစံအတိုင်း Next အဆင့်ဆင့်နဲ့ Install ပေးလိုက်ရုံနဲ့ Full Version အဖြစ် အမြဲတမ်းသုံးလို့ ရသွားစေမှာပါ...။

တကယ်လို့ IDM ကို လိုအပ်လို့ Uninstall လုပ်မယ်ဆိုရင်
ပထမဆုံး  Start >> All Programs ကနေတဆင့် အရင်စက်ထဲမှာ ရှိနေတဲ့ IDM ကို Uninstall လုပ်ပါ.. (ဒီ Revo Uninstaller Software လေးနဲ့ ထုတ်ပစ်လည်း ရပါတယ်)



 အောက်ကပုံလေးအတိုင်း Full ကိုရွေးပေးပြီး Next အဆင့်ဆင့် နဲ့ စက်ထဲကနေ ထုတ်ပစ်လိုက်ပါ....  OK ကိုနှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ ...။



(ပိုပြီး သေချာစေချင်ရင်တော့ Restart ချပြီး Window ပြန်တတ်လာရင် Ccleaner နဲ့ ရှင်းပေးလိုက်ပါ) မရှင်းချင်ရင်လဲရပါတယ်..။

ဒေါင်းယူထားတဲ့  idm615b11.exe လေးကို Double Click နဲ့ Run လိုက်ပါ ...


  
Next အဆင့်ဆင့် နှိပ်ပြီး Install ပေးလိုက်ပါ... Finish နှိပ်လိုက်ရင် Desktop ပေါ်မှာ IDM Logo လေးရောက်လာမှာပါ ...  အဲ့ဒီ IDM လေးကို Click ပြီး သုံးနိုင်ပါပြီ.... ဘာ Key ဘာ Email မှ ထည့်ပေးစရာ မလိုတော့ပါဘူး....:)
အားလုံး အဆင်ပြေကြပါစေဗျာ.....:)

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)

♪ အသွင်သစ်များနဲ့အသစ်ထွက်ရှိလာတဲ့ - Next Launcher 3D Shell v3.6 Apk (10-Aug) ♫


   Next Launcher 3D Shell- screenshot
10-Sept-2015 မှာ နောက်ဆုံးထွက်လာတဲ့ Next Launcher 3D Shell v3.6 ကို တင်ပေးလိုက်ပါတယ်။ Andriod Laucher တွေအားလုံးထက် ပိုလန်းပါတယ်။ Android home screen အတွက် popular premium launcher နဲ့  Next Launcher 3D , 3D dynamic effects တွေနဲ့ လှပတဲ့ 3D Launcher တွေကိုတော့သူငယ်ချင်း တို့သိပြီးသားပါ။ Next Launcher 3D က တခြားသော Launcher တွေ ထက် 3D Theme Effect တွေ ပိုပြီး စုံလင်စွာ ပါသောကြောင့် ဖုန်းရဲ့ မူလ Framware ကဒီဇိုင်းထက် ပိုထူးခြားပြီး လှပသွားစေမှာပါ။ အောက်မှာ တင်ထားပေးတဲ့ Screenshot ကို ကြည့်လိုက် ရုံနဲ့ သိနိုင်မှာပါ။ အခုနောက်ဆုံး ထွက် Version မှာ Next Launcher ရဲ့ UI ဒီဇိုင်းပြောင်းလဲ လာတာကို တွေ့မြင်ရ မှာဖြစ်ပါတယ်။ Andriod ဖုန်းရဲ့ Orginal Laucher ကိုသုံးရတာ ရိုးနေတဲ့ သူငယ်ချင်းတွေ အတွက် Next Launcher 3D ကို စိမ်းသုံးကြည့်လိုက်ပါ။ ကြိုက်သွားမှာ အသေချာပါ။
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



Next Launcher 3D Shell - screenshot     Next Launcher 3D Shell - screenshot

Next Launcher 3D Shell - screenshot     Next Launcher 3D Shell - screenshot

Next Launcher 3D Shell - screenshot     Next Launcher 3D Shell - screenshot

Next Launcher 3D Shell - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

Wednesday 22 July 2015

ပိုက်ဆံ မကုန်ပဲ ဖုန်း Free ခေါ် လို့ရမယ် ApK


အားလုံးပဲ စိတ်ဝင် စားမယ်လို့ ထင်ပါ တယ်ဗျာ.. ။ ကျနော် သူငယ်ချင်း တို့ကို Android Application တစ်ခုနဲ့ မိတ် ဆက် ပေးပါမယ်။ သူငယ်ချင်းတို့အတွက် ဆန်းဆန်းပြားပြား ဖြစ်ချင်မှဖြစ်မယ်.. ကျနော်အ တွက်တော့ နည်းနည်း ထူးဆန်းနေ ပါတယ်။ ကျနော် တစ်နေ့ ပျင်းပျင်းနဲ့ Playstore မှာဝင်ကလိတော့
Internationel Calling Apk တစ်ခုကို သွားတယ် တွေ့တယ်ဗျာ။ အဲတာနဲ့ ဖုန်းထဲ့ ထည့်ပြီး သိတဲ့ အတိုင်းပဲ Free Call ဆိုတော့ အနားမှာရှိတဲ့ ဖုန်းတစ်လုံး စမ်းပြီး ခေါ်ကြည့်တယ် ဗျာ.. ထင်တောင် မထားဘူး ဖုန်းဝင်သွား တာပေါ့။ သေခြားအောင်လို့ နောက်ထပ် ဖုန်းတစ်လုံး ထပ်ခေါ်ကြည့် တယ် ဗျာ.... ရနေပြန်ရော.... ....အဲတော့ ကြိုက်သွားတယ်..... သူငယ်ချင်းတွေ ကိုလဲ ပြန်မျှဝေမယ်လို့ စိတ် ထဲ့မှာ တွေးထားလိုက်တယ်။ Internationel Call ဆိုတော့ ကျနော်မြန်မာပြည်ကို ထိုင်းက ခေါ်ရင်လဲ ရမှာပဲလို့ တွေးမိတယ်.... အဲတာနဲ့ မြန်မာပြည်က အမေ့အိမ်ကို ခေါ်ကြည့်တယ်.... ဖုန်းဝင် သွားပါ တယ်ဗျာ.... အလွန် ဝမ်းသာသွားတယ်.... ဟီး ... မိမိရှိမှာတော့ Internet လိုင်း ရှိနေရပါမယ်... ကိုယ့် ခေါ်မယ် ဖုန်းမှာတော့ အင်တာနက်လိုင်း ရှိဖို့မလိုပါဘူး။ လက်ရှိ ကျနောတင်ပေးတဲ့ Apk ကိုလဲ ထည့် ထား စရာမလို့ပါဘူး.... နော်.

အမြဲတမ်းတော့ Free Call ရနေမှာ မဟုတ်ပါဘူး... ကိုယ့်က အမြဲတမ်း Free Call အဖြစ်နဲ့ သုံးချင်ရ င်တော့ Application ရဲ့ အပေါ်ဆုံးက Free$ ဆိုတဲ့နေရာမှာ Facebook ကသူငယ်ချင်းတွေ Twitter ကသူငယ်ချင်းတွေ Gmail ထဲ့က ဘော်ဒါတွေကို Invite လုပ်ရပါမယ်... အဲ တာ ဆိုရင် တော့ OK တယ်ဗျာ...ဟီးး...ကျနော်တော့ ရှိရှိသမျှ အကောင့်တွေထဲက သူငယ်ချင်းတွေကို Invite လုပ်တယ်..။ သူက Invite လုပ်လို့ တစ်ယောက် Confirm ပြန်လုပ်ရင် ပြား 50$ ပြန်ရမယ်.။ ၂ ယောက်က Confirm ပြန်လုပ်ရင်တော့ 1$ ဒေါ်လာ အများကြီး လုပ်နေမယ် ဆိုရင်တော့ .. ဖုန်းအ ကြိုက် ပြော ဟီးးး.... တစ်ပြားမှ ကုန်တော့ဘူး။
အိုင်ဖုန်း သုံးတဲ့ သူငယ်ချင်းများ အတွက်လဲ အောက်မှာ လင့်ပေးထား ပါတယ်.. စတင် အသုံးပြုမယ် ဆိုရင်တော့ Gmail အကောင့် တစ်ခု သို့ မဟုတ် အခြား Mail တစ်ခုခု ရှိရပါမယ်။ Apk ကို ဖုန်းထဲ့ install လုပ်ပြီးတော့ ဖွင့်တဲ့ အခါကျရင် Register လုပ်ရပါမယ်။
အကောင်းဆုံးကတော့ Gmai အကောင့်တစ်ခုနဲ့ လုပ်တာ အကောင်းဆုံးပဲဗျာ.. Password ကိုတော့ မိမိ ကြိုက်နှစ်သက်ရာ ပေးပြီး မှတ်ထားပေါ့ဗျာ.။ အဲတာဆိုရင်တော့ ဖုန်း Free Call စခေါ်လို့ရပါပြီ။ ကျနော် တို့ Register လုပ်တော့ သူတို့က 1$ ဒေါ်လာပေးပါတယ်။ မိမိ Content လုပ်ချင်တဲ့ သူငယ်ချင်း တစ် ယောက်ကို သာမန်ဖုန်းခေါ် သလို့မျိုးပဲ စခေါ်ကြည့်ပါ။ Caller ID ကိုတော့ Off ပေးထားနော်.။ အောက် မှာ ကျနော် ဖုန်းစမ်းခေါ် ထားတာလေးကို Videos ရိုတ်ပြီးပြန်တင်ပေး ထားပါတယ်။ အဆင် မပြေရင် ပြောခဲ့ပါနော်... လက်တွေ့ စမ်းပြီးမှ တင်ပေးတာဖြစ်လို့ အဆင်မပြေရင် ကျနော် သိသလောက် ပြန်ဖြေ ပေးပါမယ်။