မင်္ဂလာပါ
ဖုန်း ကို တစ်ချိန်လုံး ပလပ် ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ?
=================================
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်း သည် မိုဘိုင်းဖုန်း များ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲ လည်း ဖြစ် သည်။
လူများစုကြီး ကား မနက် ဖုန်းဘက်ထရီ အပြည့် နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေ သည့် ဖုန်း ကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်း ကို ပလပ်ထိုး အားသွင်းပြီး အိပ် လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။
ဖုန်း ကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်း လျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ည လုံး ပလပ်ဆက် ထိုး ထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့် တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။
ဖုန်းဘက်ထရီ နဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက် ကြည့် ပါ။
တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန် ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿ နာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿ နာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။
ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။
ဖုန်း ကို တစ်ည လုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
တစ်ညလုံး ပလပ် ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါ ဘူး။ နောက် ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပို သွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။
ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။
Lithium-ion ဘက်ထရီတွေ က အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်း ကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီ လိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီ လို ပျက်စီးရင် ဘက်ထရီ အလုပ် လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။
ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်း ထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူ ထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်း ကာဗာ စွပ်ထားတဲ့ လူတွေ အနေ နဲ့ ညအိပ်ရင် ဖုန်း ကို ပလပ် ထိုးအိပ်မယ် ဆိုရင် ကာဗာ ကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူ ထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။
ဘယ်လို မျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
ဘက်ထရီ ကို (၅၀) ရာခိုင်နှုန်း နဲ့ (၈၀) ရာခိုင်နှုန်းကြား မှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထား တာ အကောင်းဆုံးပဲ။ အဲဒီ လို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲ က အိုင်ယွန်း တွေဟာ အမြဲ တမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့  အတွက် ကျန်းမာရေး ကောင်းတယ်။
အား လုံးဝ ကုန်သွားရင် အိုင်းယွန်းတွေ ဆက် အလုပ် မလုပ်နိုင်ဘူး။ အဲဒီ လိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေ ရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။
(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ် ဆိုရင် အစွန်း နှစ်ဖက်လုံး က လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီ ကို (၅၀-၈၀) ကြား မှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထား ဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီ ဆို ခဏ ပလပ် ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီ ဆို ပြန် ဖြုတ် ထားလိုက်။
ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုး လိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူ အတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင် တယ် ဆိုရင် အလုပ်သင့် ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ် ပျက် နေစရာတော့ မလိုပါဘူး။
ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ ထိ တစ်လျှောက်တည်း သွင်းပစ် တာ မျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်း ထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်း ဘက်ထရီကို လည်ပင်း ညှစ်တာပဲ။
ဘက်ထရီတွေ ဟာ အဲဒီ လို သုည ကနေ တစ်ရာထိ ကို ဘယ်နှစ် ခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်း က သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီ ကို လည်ပင်း များများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။
အဲဒီလို သုည ကနေ တစ်ရာ ကို အားသွင်း မိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်း လာ လေပါပဲ။ ခဏလေး နဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝ ကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။
ဖုန်း ဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
ဖုန်း ၀ယ် ကတည်းက တစ်ခါ တည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်း တုံးတွေကို သုံး တာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ် ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်း တုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။
အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုး နဲ့ တိုးလို့ မျက်ရည် ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက် သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစား မှာ သုံးနိုင်တဲ့ အခြား တံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေ မှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။
စနစ် တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ် တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်း နဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီ လို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။
နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကို လည်း ထိန်းကြတယ်။ ကိုယ့် ဖုန်း နဲ့ အားသွင်း ကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ၀ပ် ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ် ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။
ဈေးပေါတာတွေ ကို သတိထား။
ဈေးပေါ တဲ့ အားသွင်းကြိုးတွေ၊ အားသွင်း တုံး တွေဟာ အရည် အသွေးလည်း ညံ့တာ များတယ်။ စံချိန် စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာ မျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။
လန်ဒန် မီးသတ်ဌာန က ထုတ်ပြန်ချက် ကို ကြည့်ပါ။ အရည် အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက် မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။
အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီ ဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ် ထိုးထားကြည့် လိုက်ပါ။ ကိုယ် ကလည်း သတိလေး နဲ့တော့ စောင့် အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿ နာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။
ဖုန်း ဘက်ထရီ အတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်း တုံးတွေကို သာ အသုံးပြုပါ။ တစ်ခြား တံဆိပ် နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။
-ဖုန်း အရမ်း မပူ ပါစေနဲ့။
ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။
-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီ ကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။
Credit€€Original writer
Wednesday, 8 June 2016
ဖုန်း ကို တစ်ချိန်လုံး ပလပ် ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ?
Monday, 6 June 2016
Assalamualaikum အစ္စလာမ် ဘာသာရေး ပညာပေး
(မည်သည့်ဘာသာဝင်မဆိုဖတ်ရှုနိုင်ပါသည်။)
==================================
အစ္စလာမ်ဘာသာဝင်တွေဟာ တိရိစ္ဆာန်တွေကို သတ်ပြီးစားကြပါတယ်။ သတ်တာတောင် လည်လှီးပြီးသတ်တာဖြစ်တဲ့အတွက် တော်တော်ရက်စက်ကြမ်းကြုတ်ရာကြပါတယ။် ဘာသာခြားတွေဟာ အပေါ်ယံလောက်ဘဲ မြင်တဲ့အတွက် muslim တွေကို ရက်စက်ကြမ်းကြုတ်တယ်လို့ ထင်ပါလိမ့်မယ် ...သူတို့မမြင်တဲ့ အကြောင်းတွေရှိပါတယ် ။
ဒါတွေကို muslim တိုင်းသိပါတယ် သို့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခွင့်မကြုံလို့ မပြောပြတတ်ကြပါဘူး။ ထင်ခြင်သလိုထင်ပါစေဆိုပြီး လျစ်လျူရှုကြပါတယ် ။ ဘာသာခြားတွေမသိသေးတဲ့ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို သူတို့ကို ရှင်းပြသင့်ပါတယ် ။ဒါမှသာ အားလုံးက နားလည်ပြီး အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးခြင်းမှ ကင်းဝေးပါလိမ့်မယ် ။တိရိစ္ဆာန်သတ်ရတဲ့ အကြောင်းရင်းလေးတွေရယ် သတ်ပုံသတ်နည်းလေးတွေရယ
် ကျွန်တော်တို့မှာ ရှိပါတယ် ။။
တိရိစ္ဆာန်ကိုသတ်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ကို ဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်ဟာ ကျွန်တော်တို့ဆီမှာ ဟင်းသီးဟင်းရွက်ရော အသားငါးပါ စားနိုင်တဲ့ သွားများထည့်ပေးထားပါတယ် ။အဲတော့ ကျွန်တော်တို့ဟာ အသားစားပါမယ် ။ကျွန်တော်တို့စားဖို့ အသားငါးတွေကို ဖန်ဆင်းရှင်က စဉ်ဆက်မပြတ် ဖန်တီးပေးနေပါတယ။် လူသားတွေဟာ သူတို့ရဲ့ survival အတွက် တစ်ခြားသတ္တဝါတွေကို စားကြတာ ဖြစ်ပါတယ် ။ဒါဟာ မဆန်းပါဘူး အသားမစားလည်း အသက်ရှင်တယ် ပြောကြပါလိမ့်မယ် ။မှန်ပါတယ် အသက်ရှင်ပေမယ့် မကျန်းမာပါဘူး ယခုခေတ် လူတော်တော်များများက ဆေးပညာဗဟုသုတ အသင့်အတင့်ရှိကြတဲ့ အတွက် ဒီအကြောင်းအရာကို ထွေထွေထူးထူး ရှင်းပြစရာမလိုဘူးလို့ထင်ပါတယ်
် တစ်ခြားသတ္တဝါကို သတ်ပြီးတော့မှ အသက်ရှင်ကျန်းမာတာ မလိုချင်ဘူး ပြောပါလိမ့်မယ် ဒါဆိုရင်တော့ သင်ဟာ သက်ရှိဆိုတဲ့ ရာထူးနဲ့ မထိုက်တန်တော့ပါဘူး ။သက်ရှိရဲ့ သဘောတရားက မိမိရဲ့ survival အတွက် မိမိအောက်နိမ့်တဲ့ သတ္တဝါကို စားကြပါတယ် ။ဒါဟာသက်ရှိတွေရဲ့ မိမိရဲ့ survival အတွက် မိမိရဲ့ အသိဥာဏ်နဲ့ တွေးဆဆင်ခြင်ပြီးလုပ်တဲ့သဘာဝပါ။ အသင့်ဖာသာအသင် ထိုသို့မလုပ်လျှင် အသင်သာလျှင် မိမိကိုယ်ကို ညှင်းပန်းနှိပ်စက်ပြီး လူဖြစ်ရှုံးခြင်းသာဖြစ်ပါတယ်(ဒီနေရာမှာ ဗုဒ္ဓဘာသာရဲ့ အမြင်နဲ့ opposite ဖြစ်နေပါလိမ့်မယ်သို့ပေမယ့်လည်း ဒါဟာ သဘာဝကျကျ စဉ်းစားထားခြင်းဖြစ်နေပါတယ်။
မိမိကိုးကွယ်ရာ ဘာသာနဲ့ အမြင်ချင်းမတူတိုင်း မှားတယ်လို့ ပြောလို့မရပါဘူး။ရှိသမျှ အစွဲကို ခဏချွတ်ပြီး ကြောင်းကျိုးဆီလျော်စွာ စဉ်းစားလျှင် ကျွန်တော်ရှင်းပြသွားတာ မှန်နေတာ တွေ့ရမှာပါ) ဒါကတော့ အသား ဘာလို့စားရတယ်ဆိုတဲ့ အကြောင်းပါ ။
muslim တွေဟာ ရှိသမျှ သတ္တဝါတိုင်းရဲ့ အသားကိုစားတာလား???
=========================
မဟုတ်ပါဘူး ကျွန်တော်တို့ကို ဖန်ဆင်းရှင်ဟာ ရှိသမျှသတ္တဝါကို စားခွင့်မပြုထားပါဘူး အသားများကို ကိုက်ဖြတ်စားသောက်သည့်သတ္တဝါ(carnivores) တွေကို စားခွင့်မပြုထားပါဘူး ဘာလို့လဲဆိုတော့ အဲလိုအသားစားတဲ့ သတ္တဝါကိုစားလျှင် ကျွန်တော်တို့ရဲ့ စိတ်တွေကြမ်းတမ်းသွားမှာစိုးလို့ပါ ။ ဒီနေရာမှာ မေးစရာရှိပါလိမ့်မယ် ထူးဆန်းနေပါလိမ့်မယ်
ဘယ့်နှယ် လူတွေကျ အသားစားပြီးတော့ အသားစားသတ္တဝါကျတော့ စိတ်ရိုင်းဝင်မှာစိုးလို့ ပြန်မစားရဘူးဆိုပြီး???
======================
အဲဒါကို ဒီလိုရှင်းပြပါမယ် လူတွေဟာ အသားစားတာမှန်ပါတယ် သို့ပေမယ့် စနစ်တကျချက်ပြုတ်စားသောက်ကြတာပါ သွေးသန်ရဲရဲကိုက်ဖြတ်စားသောက်ကြတာမျိုးမဟုတ်ပါဘူး သို့သော်လည်း အသားစားတာတော့ အမှန်ပါဘဲ အဲတော့ အသားစားတာချင်းတူသော်ငြားလည်း ဟင်းသီးဟင်းရွက်ဘဲစားတဲ့ သတ္တဝါကိုဘဲ ရွေးစားတာဖြစ်တဲ့အတွက် လူသားတွေဟာ စိတ်ရိုင်းဝင်မှုမှ အတော်အသင့်ကာကွယ်ပြီးဖြစ်ပါတယ် ။ ပြီးတော့ ချက်ပြုတ်စားသောက်တာကလည်း အသားစားသတ္တဝါခြင်းတူပေမယ့် လူတွေရဲ့ သာလွန်တဲ့လုပ်ဆောင်မှုတစ်ခုဖြစ်နေပါတယ် ။
muslim တွေဘာလို့ တိရိစ္ဆာန်တွေကို နာကျင်အောင်လည်လှီးပြီးမှ စားကြတာလဲ???
===============================
ဒါကတော့ ဘာသာခြားတစ်ယောက်မြင်ရင် အင်မတန်အထင်သေးမှာပါ(ရက်စက်တယ်လို့မြင်မှာပါ) သို့ပေမယ့် muslim တစ်ယောက်ဟာ သူ့ကိုယ်သူ ရက်စက်သူအဖြစ်ထင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီထဲမှာ ဘာသာခြားတွေမမြင်တဲ့ ညင်သာမှုတွေများစွာရှိနေသေးလို့ဖြစ်ပါတယ်
အမ်!!! သတ်လည်းသတ်သေးတယ။် ညင်သာတယ်လည်းပြောသေးတယ် ဟုတ်ပါတယ် **********************-*-
ကျွန်တော်တို့ဟာ တွေ့သမျှသားကောင်ကို ယူပြီးသတ်တာမဟုတ်ပါဘူး သတ်မည့်တိရိစ္ဆာန်ဟာ နာမကျန်းဖြစ်မနေရပါဘူး။ ခြေကျိုးလက်ကျိုးဖြစ်မနေရပါဘူး ။ဘာလို့လဲဆိုတော့ အားနည်းမှုကို အခွင့်ကောင်းယူသလိုဖြစ်မှာ စိုးလို့ပါ။
အမ်!!!အားငယ်တဲ့ သတ္တဝါကို အခွင့်ကောင်းယူပြီး သတ်တော့စားတယ် ခြေကျိုးလက်ကျိုးကျမှ အားငယ်လို့ အခွင့်ကောင်းမယူဘူး??????
===============================
် မှန်ပါတယ် အားငယ်တဲ့ သတ္တဝါကို သတ်စားရတာဟာ ကျွန်တော်တို့ရဲ့ survival အတွက်ဖြစ်ပါတယ် ။ခြေကျိုးလက်ကျိုးကျတော့ ကျွန်တော်တို့ ရှောင်လို့ရပါတယ် ဥပမာ အစိုးရက အာဏာသုံးပြီး အသက် ၂၀ မှ ၂၅ နှစ်အတွင်း ယောကျာ်းလေးများ မဖြစ်မနေစစ်မှုထမ်းရမည်ဟု အမိန့်ထုတ်သည်ဆိုပါစို့ အဲ့မှာ ကိုယ်လက်အင်္ဂါမစုံတဲ့ လူတွေကို ချွင်းချက်ပေးတယ်ဆိုပါစို။့ အမိန့်ထုတ်တာက နိုင်ငံအတွက်တကယ်လိုအပ်နေလို့ထုတ်ခြင်းဖြစ်သော်လည်း သူ့အနေနဲ့ မသန်စွမ်းတဲ့သူတွေကို သက်ညှာပေးထားပါတယ။် ဒါဟာသူ့ရဲ့လုပ်ပိုင်ခွင့်ဖြစ်နေပါတယ် ။သူ့အနေနဲ့ မဖြစ်မနေစစ်မှုထမ်းခိုင်းရသော်လည်း အားနည်းသူတွေကို သက်ညှာခွင့်ပေးရပါမယ်။
ဒီသဘောတရားပါဘဲ
နောက်တစ်ချက်က တိရိစ္ဆာန်ကို မသတ်မီ အစာရေစာ ဝလင်အောင်ကျွေးရပါတယ် ။သူ့ရဲ့ နောက်ဆုံးအချိန်မှာ သူ့ကိုဝလင်အောင်ကျွေးမွေးတာဟာလည်း သူ့အတွက်အဆိုးထဲကအကောင်းတစ်ခုပေါ။့ သူ့အပေါ်ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါ ။
နောက်တစ်ချက်က ကျွန်တော်တို့ သတ်မည့်တိရိစ္ဆာန်ကို ဓါးပေးမမြင်စေရပါဘူး သူ့ကို ကြောက်ရွံ့စေမှာ စိုးလို့ ဖြစ်ပါတယ် သတ်ရာတွင်လည်း ထက်နေအောင်သွေးထားတဲ့ဓါးကို သုံးရပါတယ။် ဓါးတုံးနေရင် သွေးမထွက်ဘဲ အသားဘဲပိုနာနေမှာစိုးလို့ပါ ။အဲလို ဓါးတုံးတုံးနဲ့ လည်လှီးရင် ကျွန်တော်တို့အပြစ်ထိုက်ပါတယ။် အဲဒါကြောင့် ကျွန်တော်တို့ဟာ ဓါးကိုသွေးပြီးမှ လည်လှီးသတ်ကြပါတယ် ။လည်လှီးတဲ့ အခါမှာလည်း အားများများဖိပြီး အရှေ့အနောက်သုံးကြိမ်လှီးပြီး သေအောင်သတ်ရပါတယ် ။သုံးကြိမ်ထဲနဲ့သေအောင် အားများများသုံးရပါတယ် ။
အားများများဘာလို့သုံးတာလဲ???
========================
အားများမှ သွေးကြောကိုထိမှာပါ။ သွေးကြောမြန်မြန်ပြတ်မှ မြန်မြန်သေမှာပါ။ သူ့အတွက်နာကျင်ချိန်နည်းနိုင်သမျှနည်းအောင်ပါ ။
ကျွန်တော်တို့ လည်လှီးတဲ့ အချိန်မှာ ဘာတွေကို အဓိက ပြတ်စေချင်တာလဲ???
================================
အစာရေမြိုပြွန် လေပြွန်နဲ့ လည်ပင်းမှာရှိတဲ့ သွေးကြောကြီးများ(jugular veins and carotid arteries) တွေကို အဓိကပြတ်စေချင်တာပါ။ အဲလိုအားနဲ့ဖြတ်လိုက်ပေမယ့်လည်း spinal cord လို့ခေါ်တဲ့ အာရုံကြောမကြီး မပြတ်သွားပါဘူး။ ဒီအာရုံကြောမကြီးဟာဆိုရင် သူ့ကိုကာရန်ထားတဲ့ လည်ပင်းဆစ်ရိုးများကြားထဲမှာ အကာအကွယ်ရနေပါတယ် ။ဒါဟာ ဖန်ဆင်းရှင်ရဲ့ ကြိုတင်စီမံထားမှုပါ ။
အဲဒါမပြတ်တော့ ဘာများထူးခြားသွားမှာမို့လို့လဲ???
=======================
ဟုတ်ကဲ့ ရှင်းပြပါ့မယ် The blood is a good culture medium for the growth of micro-organism(သွေးဟာ ရောဂါပိုးမွှားများ ပွားများရန်အတွက်အကောင်းဆုံးသောသောနေရာဖြစ်ပါတယ်) ကျွန်တော်တို့ဟာ အသားစားမှာပါ.။ ရောဂါပိုးမွှားများကို ယူမှာမဟုတ်ပါဘူး ။ထို့ကြောင့် ရောဂါပိုးမွှားများရှိတဲ့ သွေးများကို အကုန်ဖယ်ရှားပစ်မှာပါ ။ခုနပြောခဲ့သလို လည်ပင်းကသွေးကြောတွေကို ဖြတ်လိုက်လျှင် ခန္ဓာကိုယ်မှာ ရှိတဲ့သွေးတွေ အရှိန်နဲ့ထွက်လာပါလိမ့်မယ် ။သို့သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးက သွေးအကုန်လုံးတော့ ကုန်စင်သွားမှာ မဟုတ်ပါဘူး။ သွေးအားလုံးကုန်စင်စေချင်ရင်တော့ အထဲကနေ အားကောင်းတဲ့ pump တစ်ခုနဲ့ တွန်းထုတ်ပေးမှ ဖြစ်မှာပါ ။အထဲကနေ အဲလိုတွန်းပေးနိုင်တဲ့အရာဟာ နှလုံးဘဲရှိပါလိမ့်မယ် ။
သွေးကြောတွေပြတ်သွားရင် နှလုံးကဆက်လက်ခုန်နေဦးမှာလား???
ဟုတ်ကဲ့ ခုန်နေဦးမှာပါ။ နှလုံးခုန်စေဖို့ အာရုံကြောမကြီးက ဆက်လက်သတင်းပေးပို့နေပါတယ် ။မည်မျှပင် ထက်သောဓါးနှင့် အားသုံးလှီးဖြတ်သော်လည်း အာရုံကြောမကြီးကို လည်ပင်းဆစ်ရိုးများက ကာကွယ်ပေးထားလျက်ပါ ။ထို့ကြောင့် နှလုံးဟာဆက်လက်ခုန်နေပါမယ။် ထို့ကြောင့်ခန္ဓာကိုယ်မှာရှိတဲ့ သွေးအားလုံးဟာ လည်ပင်းမှတစ်ဆင့် ကုန်စင်သွားပါမယ် ။
အဲ့နောက်မှာ ကျွန်တော်တို့ဟာ ရောဂါကင်းစင်တဲ့ အသားကိုရရှိမှာ ဖြစ်ပါတယ် ။ဒီအသားဟာဆိုရင် တစ်ခြားနည်းနဲ့ သတ်ဖြတ်ထားတဲ့ အသားထက်ကြာရှည်ပိုခံပါတယ။် ရောဂါလည်းကင်းစင်ပါတယ် ။
နောက်တစ်ချက်က တစ်ကောင်ကိုသတ်လို့ရှိရင် နောက်တစ်ကောင်က မတွေ့စေရပါဘူး။ သူ့ကိုသတ်ဖို့ရှိသည်ဖြစ်စေ မရှိလျှင်ဖြစ်စေ ပေးမမြင်ရပါဘူး ။အသံပေးမကြားစေရပါဘူး။ ကြောက်စိတ်ဝင်စေပြီး နှိပ်စက်ရာရောက်မှာ စိုးလို့ပါ ။
အဲလိုသတ်တော့ တိရိစ္ဆာန်တွေနာမှာ မစဉ်းစားဘူးလား???
========================
အခုဖော်ပြခဲ့တာတွေကိုဘဲ ကြည့်မယ်ဆိုရင်တောင် တိရိစ္ဆာန်တွေအတွက် အဘက်ဘက်ကတွေးပြီး အကောင်းဆုံး အညင်သာဆုံးတွေကို ရွေးထားတာကိုတွေ့ရမှာပါ ။ဆက်ပြီးပြောပြမယ့် အကြောင်းအရာကို ဖတ်ရှုကြည့်လျှင် ဒီနည်းလမ်းဟာ တိရိစ္ဆာန်အတွက်နာကျင်မှုအလွန့်အလွန်အနည်းငယ်မျှသာရှိကြောင်း အံ့ဩစွာတွေ့ရှိရမှာပါ ။ ဆေးပညာရှင်တွေဟာ အစ္စလာမ့်နည်းစနစ်အရ သားကောင်ကိုလည်လှီးသတ်တဲ့အခါမှာ တိရိစ္ဆာန်တွေနာကျင်မှုဘယ်လောက်အတိုင်းအတာအထိခံစားရလဲဆိုတာကို EEG(Electroencephlography) လို့ခေါ်တဲ့ ဦးနှောက်တွင်း သတင်းအချက်အလက်များကိုဖော်ပြတဲ့ တိုင်းတာနည်းနဲ့ လေ့လာကြည့်ခဲ့ကြပါတယ။
် တွေ့ရှိချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်
လည်လှီးတဲ့ ပထမ သုံးစက္ကန့်မှာဆိုလျှင် EEG မှာ လည်မလှီးခင်က အတိုင်းဘဲဆက်လက်တွေ့ရှိနေရပါတယ်(ဆိုလိုချင်တာဟာ တိရိစ္ဆာန်ဟာ လည်လှီးမခံရခင်ကကဲ့သို့ မည်သည့်နာကျင်မှုမျှ ရရှိခြင်းမရှိသေးပါဘူး)
ဒုတိယ သုံးစက္ကန့်မှာ EEG တွေ့ရှိချက်ကတော့ တိရိစ္ဆာန်ဟာ အလွန်အမင်းသတိလစ်မေ့မျောနေတာကို တွေ့ရပါတယ်(A condition of deep sleep-unconsciousness) ခန္ဓာကိုယ်မှသွေးတွေအလွန်အမင်းလျင်မြန်စွာ ဆုံးရှုံးသွားလို့ဖြစ်ပါတယ်။ ဒီအချိန်မှာဆိုရင်လည်း တိရိစ္ဆာန်ဟာ သတိမရှိတော့တဲ့အတွက် နာကျင်မှုကို မခံစားရပါဘူး ။ စုစုပေါင်းအချိန် ၆ စက္ကန့်အပြီးမှာတော့ EEG ဟာ zero(သုညမှတ်) ကို ညွှန်ပြနေပါတယ် ။မည်သည့်သတင်းအချက်အလက် မည်သည့်နာကျင်ခံစားမှုမှ မရရှိတော့ပါ။ အဖြစ်အပျက်တွေဟာ အလွန်လျင်မြန်လွန်းပါတယ။် သက်ရှိတိရိစ္ဆာန်တစ်ကောင်ဟာ သက်မဲ့ဘဝကို ကူးပြောင်းသွားပါပြီ ။အလွန်သေးငယ်သော နာကျင်မှုလောက်ဘဲ ခံစားလိုက်ရပါတယ။
် အပေါ်ယံကြည့်ရင် မထင်ရသော်လည်း အမှန်တကယ်ဘဲ နာကျင်မှုမခံစားလိုက်ရတာပါ။ ဒါဟာ သာမန်လူတစ်ယောက်ကြိုတင်စဉ်းစားပြီး ပြုလုပ်နိုင်မယ့်အရာမဟုတ်ပါဘူး ။ဖန်ဆင်းရှင်ဟာ သူဖန်ဆင်းထားတဲ့အရာကို မနာကျင်အောင်သတ်နည်းကို ညွှန်ကြားထားတာပါ ။
ထိုသို့သတ်ရာတွင် ဖန်ဆင်းရှင်ရဲ့ နာမတော်ကိုရွတ်ဆိုပြီး လှီးဖြတ်ရပါတယ။် ဒါဟာဆိုရင် ဖန်ဆင်းရှင်ကို ယစ်ပူဇော်တာ မဟုတ်ပါဘူး ။တစ်ခြားသောအရာတွေရဲ့ နာမည်တပြီး ယစ်ပူဇော်ကြမှာစိုးလို့ ဖန်ဆင်းရှင်ရဲ့ နာမတော်ကိုရွတ်ဆိုပြီး လှီးခိုင်းခြင်းဖြစ်တယ်လို့မြင်မိပါတယ် ။ဖန်ဆင်းရှင်ရဲ့ နာမတော်ကို ရွတ်ဆိုလိုက်တဲ့အတွက် ဖန်ဆင်းရှင်က ကျွန်တော်တို့ကိုအကူအညီပေးပါတယ။် အလျင်အမြန်ကိစ္စပြီးပြတ်အောင် ဆောင်ရွက်နိုင်ပါတယ် ။တိရိစ္ဆာန်လည်းမနာမကျင် မြန်မြန်သေသွားမှာပါ ။ယစ်ပူဇော်ခြင်း အလျင်းမဟုတ်ပါ ။အသားကိုလည်း ဘုရားစင်တို့ဘာတို့တင်စရာမလိုပါဘူး။ ရတဲ့အသားကို မိမိစိတ်ကြိုက် ချက်ပြုတ်စားသောက်နိုင်ပါတယ။် လှူဒါန်းလို့လည်းရပါတယ် ။
နောက်ထက်ထူးခြားတာတစ်ခုရှိပါသေးတယ။် ကျွန်တော်တို့ကိုစားခွင့်ပြုထားတဲ့ သားကောင်တွေဟာ မျိုးသုဉ်းသွားခြင်းမရှိပါဘူး။ ဥပမာ-ကြက် ဘဲ နွား ကျွဲ ဆိတ် သိုး တို့မှာ ကျွန်တော်တို့ မည်မျှပင် လှီးဖြတ်စားသောက်သော်လည်း မျိုးသုဉ်းသွားခြင်းမရှိပါဘူး ။ကျွန်တော်တို့စားလေ သူတို့အရေအတွက်ကပြန်လည်များလာလေလေဖြစ်သောကြောင့် အရေအတွက်မှာ မျှခြေပင်ပြန်ဖြစ်နေလေသည် ။ဒါကလည်း ဖန်ဆင်းရှင်က သူစားဖို့ပြောထားတဲ့ တိရိစ္ဆာန်တွေရဲ့ အရေအတွက်ကို မျှခြေဖြစ်အောင် ဖန်ဆင်းပေးနေလို့ဘဲဖြစ်ပါတယ် ။ဒါကိုတော့ တိုက်ဆိုင်မှုလို့ဘဲ ပြောချင်ပြောကြပါလိမ့်မယ။် လူသားဟာ လူသားပီပီ အမြဲငြင်းကန်ပြောဆိုနေမှာ သဘာဝဘဲ ဖြစ်ပါတယ် ။
အချုပ်အားဖြင့်ဆိုရသော် အစ္စလာမ်ဘာသာဝင်တို့ရဲ့ သားကောင်များကိုလည်လှီးသတ်ဖြတ်စားသောက်ခြင်းကို ရက်စက်ကြမ်းကြုတ်မှုအဖြစ်မြင်နေကြခြင်းကို စိတ်မကောင်းသဖြင့် ကျိုးကြောင်းဆီလျော်စွာ နားလည်အောင် ရှင်းပြရေးသားရခြင်း ဖြစ်ပါတယ။် သို့မှသာ hate speech နဲ့ islamophobia တို့ လျော့ကျသွားမှာ ဖြစ်ပြီး လူသားအချင်းချင်း သင့်သင့်မြတ်မြတ်နေနိုင်မှာ ဖြစ်ပါတယ။်
မူရင်း>> Min Aung
မည်သူမဆို လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ အစ္စလာမ်သာသနာရဲ့သားကောင်လည်လှီးခြင်းနဲ့ ပတ်သတ်တဲ့ ရှင်းလင်းချက်ကို စေ့စပ်စွာဖော်ပြပေးတဲ့ Ko Min Aung ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
Admin: khairul




