welcom to myo min zaw blog

Monday, 6 June 2016

Assalamualaikum အစ္စလာမ်​ ဘာသာ​ရေး ပညာ​ပေး

(မည်သည့်ဘာသာဝင်မဆိုဖတ်ရှုနိုင်ပါသည်။)
==================================
အစ္စလာမ်ဘာသာဝင်တွေဟာ တိရိစ္ဆာန်တွေကို သတ်ပြီးစားကြပါတယ်။ သတ်တာတောင် လည်လှီးပြီးသတ်တာဖြစ်တဲ့အတွက် တော်တော်ရက်စက်ကြမ်းကြုတ်ရာကြပါတယ။် ဘာသာခြားတွေဟာ အပေါ်ယံလောက်ဘဲ မြင်တဲ့အတွက် muslim တွေကို ရက်စက်ကြမ်းကြုတ်တယ်လို့ ထင်ပါလိမ့်မယ် ...သူတို့မမြင်တဲ့ အကြောင်းတွေရှိပါတယ် ။

ဒါတွေကို muslim တိုင်းသိပါတယ် သို့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခွင့်မကြုံလို့ မပြောပြတတ်ကြပါဘူး။ ထင်ခြင်သလိုထင်ပါစေဆိုပြီး လျစ်လျူရှုကြပါတယ် ။ ဘာသာခြားတွေမသိသေးတဲ့ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို သူတို့ကို ရှင်းပြသင့်ပါတယ် ။ဒါမှသာ အားလုံးက နားလည်ပြီး အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးခြင်းမှ ကင်းဝေးပါလိမ့်မယ်  ။တိရိစ္ဆာန်သတ်ရတဲ့ အကြောင်းရင်းလေးတွေရယ် သတ်ပုံသတ်နည်းလေးတွေရယ
် ကျွန်တော်တို့မှာ ရှိပါတယ်  ။။

တိရိစ္ဆာန်ကိုသတ်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ကို ဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်ဟာ ကျွန်တော်တို့ဆီမှာ ဟင်းသီးဟင်းရွက်ရော အသားငါးပါ စားနိုင်တဲ့ သွားများထည့်ပေးထားပါတယ် ။အဲတော့ ကျွန်တော်တို့ဟာ အသားစားပါမယ် ။ကျွန်တော်တို့စားဖို့ အသားငါးတွေကို ဖန်ဆင်းရှင်က စဉ်ဆက်မပြတ် ဖန်တီးပေးနေပါတယ။် လူသားတွေဟာ သူတို့ရဲ့ survival အတွက် တစ်ခြားသတ္တဝါတွေကို စားကြတာ ဖြစ်ပါတယ် ။ဒါဟာ မဆန်းပါဘူး အသားမစားလည်း အသက်ရှင်တယ် ပြောကြပါလိမ့်မယ် ။မှန်ပါတယ် အသက်ရှင်ပေမယ့် မကျန်းမာပါဘူး ယခုခေတ် လူတော်တော်များများက ဆေးပညာဗဟုသုတ အသင့်အတင့်ရှိကြတဲ့ အတွက် ဒီအကြောင်းအရာကို ထွေထွေထူးထူး ရှင်းပြစရာမလိုဘူးလို့ထင်ပါတယ်

် တစ်ခြားသတ္တဝါကို သတ်ပြီးတော့မှ အသက်ရှင်ကျန်းမာတာ မလိုချင်ဘူး ပြောပါလိမ့်မယ် ဒါဆိုရင်တော့ သင်ဟာ သက်ရှိဆိုတဲ့ ရာထူးနဲ့ မထိုက်တန်တော့ပါဘူး ။သက်ရှိရဲ့ သဘောတရားက မိမိရဲ့ survival အတွက် မိမိအောက်နိမ့်တဲ့ သတ္တဝါကို စားကြပါတယ် ။ဒါဟာသက်ရှိတွေရဲ့ မိမိရဲ့ survival အတွက် မိမိရဲ့ အသိဥာဏ်နဲ့ တွေးဆဆင်ခြင်ပြီးလုပ်တဲ့သဘာဝပါ။ အသင့်ဖာသာအသင် ထိုသို့မလုပ်လျှင် အသင်သာလျှင် မိမိကိုယ်ကို ညှင်းပန်းနှိပ်စက်ပြီး လူဖြစ်ရှုံးခြင်းသာဖြစ်ပါတယ်(ဒီနေရာမှာ ဗုဒ္ဓဘာသာရဲ့ အမြင်နဲ့ opposite ဖြစ်နေပါလိမ့်မယ်သို့ပေမယ့်လည်း ဒါဟာ သဘာဝကျကျ စဉ်းစားထားခြင်းဖြစ်နေပါတယ်။

မိမိကိုးကွယ်ရာ ဘာသာနဲ့ အမြင်ချင်းမတူတိုင်း မှားတယ်လို့ ပြောလို့မရပါဘူး။ရှိသမျှ အစွဲကို ခဏချွတ်ပြီး ကြောင်းကျိုးဆီလျော်စွာ စဉ်းစားလျှင် ကျွန်တော်ရှင်းပြသွားတာ မှန်နေတာ တွေ့ရမှာပါ)  ဒါကတော့ အသား ဘာလို့စားရတယ်ဆိုတဲ့ အကြောင်းပါ  ။

muslim တွေဟာ ရှိသမျှ သတ္တဝါတိုင်းရဲ့ အသားကိုစားတာလား??? 
=========================
မဟုတ်ပါဘူး ကျွန်တော်တို့ကို ဖန်ဆင်းရှင်ဟာ ရှိသမျှသတ္တဝါကို စားခွင့်မပြုထားပါဘူး အသားများကို ကိုက်ဖြတ်စားသောက်သည့်သတ္တဝါ(carnivores) တွေကို စားခွင့်မပြုထားပါဘူး ဘာလို့လဲဆိုတော့ အဲလိုအသားစားတဲ့ သတ္တဝါကိုစားလျှင် ကျွန်တော်တို့ရဲ့ စိတ်တွေကြမ်းတမ်းသွားမှာစိုးလို့ပါ ။ ဒီနေရာမှာ မေးစရာရှိပါလိမ့်မယ် ထူးဆန်းနေပါလိမ့်မယ်
ဘယ့်နှယ် လူတွေကျ အသားစားပြီးတော့ အသားစားသတ္တဝါကျတော့ စိတ်ရိုင်းဝင်မှာစိုးလို့ ပြန်မစားရဘူးဆိုပြီး???
======================
အဲဒါကို ဒီလိုရှင်းပြပါမယ် လူတွေဟာ အသားစားတာမှန်ပါတယ် သို့ပေမယ့် စနစ်တကျချက်ပြုတ်စားသောက်ကြတာပါ သွေးသန်ရဲရဲကိုက်ဖြတ်စားသောက်ကြတာမျိုးမဟုတ်ပါဘူး သို့သော်လည်း အသားစားတာတော့ အမှန်ပါဘဲ အဲတော့ အသားစားတာချင်းတူသော်ငြားလည်း ဟင်းသီးဟင်းရွက်ဘဲစားတဲ့ သတ္တဝါကိုဘဲ ရွေးစားတာဖြစ်တဲ့အတွက် လူသားတွေဟာ စိတ်ရိုင်းဝင်မှုမှ အတော်အသင့်ကာကွယ်ပြီးဖြစ်ပါတယ် ။ ပြီးတော့ ချက်ပြုတ်စားသောက်တာကလည်း အသားစားသတ္တဝါခြင်းတူပေမယ့် လူတွေရဲ့ သာလွန်တဲ့လုပ်ဆောင်မှုတစ်ခုဖြစ်နေပါတယ် ။

muslim တွေဘာလို့ တိရိစ္ဆာန်တွေကို နာကျင်အောင်လည်လှီးပြီးမှ စားကြတာလဲ???
===============================
ဒါကတော့ ဘာသာခြားတစ်ယောက်မြင်ရင် အင်မတန်အထင်သေးမှာပါ(ရက်စက်တယ်လို့မြင်မှာပါ) သို့ပေမယ့် muslim တစ်ယောက်ဟာ သူ့ကိုယ်သူ ရက်စက်သူအဖြစ်ထင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီထဲမှာ ဘာသာခြားတွေမမြင်တဲ့ ညင်သာမှုတွေများစွာရှိနေသေးလို့ဖြစ်ပါတယ်

အမ်!!! သတ်လည်းသတ်သေးတယ။် ညင်သာတယ်လည်းပြောသေးတယ် ဟုတ်ပါတယ် **********************-*-
ကျွန်တော်တို့ဟာ တွေ့သမျှသားကောင်ကို ယူပြီးသတ်တာမဟုတ်ပါဘူး သတ်မည့်တိရိစ္ဆာန်ဟာ နာမကျန်းဖြစ်မနေရပါဘူး။ ခြေကျိုးလက်ကျိုးဖြစ်မနေရပါဘူး ။ဘာလို့လဲဆိုတော့ အားနည်းမှုကို အခွင့်ကောင်းယူသလိုဖြစ်မှာ စိုးလို့ပါ။

အမ်!!!အားငယ်တဲ့ သတ္တဝါကို အခွင့်ကောင်းယူပြီး သတ်တော့စားတယ် ခြေကျိုးလက်ကျိုးကျမှ အားငယ်လို့ အခွင့်ကောင်းမယူဘူး??????
===============================
် မှန်ပါတယ် အားငယ်တဲ့ သတ္တဝါကို သတ်စားရတာဟာ ကျွန်တော်တို့ရဲ့ survival အတွက်ဖြစ်ပါတယ် ။ခြေကျိုးလက်ကျိုးကျတော့ ကျွန်တော်တို့ ရှောင်လို့ရပါတယ် ဥပမာ အစိုးရက အာဏာသုံးပြီး အသက် ၂၀ မှ ၂၅ နှစ်အတွင်း ယောကျာ်းလေးများ မဖြစ်မနေစစ်မှုထမ်းရမည်ဟု အမိန့်ထုတ်သည်ဆိုပါစို့ အဲ့မှာ ကိုယ်လက်အင်္ဂါမစုံတဲ့ လူတွေကို ချွင်းချက်ပေးတယ်ဆိုပါစို။့ အမိန့်ထုတ်တာက နိုင်ငံအတွက်တကယ်လိုအပ်နေလို့ထုတ်ခြင်းဖြစ်သော်လည်း သူ့အနေနဲ့ မသန်စွမ်းတဲ့သူတွေကို သက်ညှာပေးထားပါတယ။် ဒါဟာသူ့ရဲ့လုပ်ပိုင်ခွင့်ဖြစ်နေပါတယ် ။သူ့အနေနဲ့ မဖြစ်မနေစစ်မှုထမ်းခိုင်းရသော်လည်း အားနည်းသူတွေကို သက်ညှာခွင့်ပေးရပါမယ်။

ဒီသဘောတရားပါဘဲ
နောက်တစ်ချက်က တိရိစ္ဆာန်ကို မသတ်မီ အစာရေစာ ဝလင်အောင်ကျွေးရပါတယ် ။သူ့ရဲ့ နောက်ဆုံးအချိန်မှာ သူ့ကိုဝလင်အောင်ကျွေးမွေးတာဟာလည်း သူ့အတွက်အဆိုးထဲကအကောင်းတစ်ခုပေါ။့ သူ့အပေါ်ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါ ။

နောက်တစ်ချက်က ကျွန်တော်တို့ သတ်မည့်တိရိစ္ဆာန်ကို ဓါးပေးမမြင်စေရပါဘူး သူ့ကို ကြောက်ရွံ့စေမှာ စိုးလို့ ဖြစ်ပါတယ်  သတ်ရာတွင်လည်း ထက်နေအောင်သွေးထားတဲ့ဓါးကို သုံးရပါတယ။် ဓါးတုံးနေရင် သွေးမထွက်ဘဲ အသားဘဲပိုနာနေမှာစိုးလို့ပါ ။အဲလို ဓါးတုံးတုံးနဲ့ လည်လှီးရင် ကျွန်တော်တို့အပြစ်ထိုက်ပါတယ။် အဲဒါကြောင့် ကျွန်တော်တို့ဟာ ဓါးကိုသွေးပြီးမှ လည်လှီးသတ်ကြပါတယ်  ။လည်လှီးတဲ့ အခါမှာလည်း အားများများဖိပြီး အရှေ့အနောက်သုံးကြိမ်လှီးပြီး သေအောင်သတ်ရပါတယ် ။သုံးကြိမ်ထဲနဲ့သေအောင် အားများများသုံးရပါတယ် ။

အားများများဘာလို့သုံးတာလဲ??? 
========================
အားများမှ သွေးကြောကိုထိမှာပါ။ သွေးကြောမြန်မြန်ပြတ်မှ မြန်မြန်သေမှာပါ။ သူ့အတွက်နာကျင်ချိန်နည်းနိုင်သမျှနည်းအောင်ပါ ။

ကျွန်တော်တို့ လည်လှီးတဲ့ အချိန်မှာ ဘာတွေကို အဓိက ပြတ်စေချင်တာလဲ???
================================
အစာရေမြိုပြွန် လေပြွန်နဲ့ လည်ပင်းမှာရှိတဲ့ သွေးကြောကြီးများ(jugular veins and carotid arteries) တွေကို အဓိကပြတ်စေချင်တာပါ။ အဲလိုအားနဲ့ဖြတ်လိုက်ပေမယ့်လည်း spinal cord လို့ခေါ်တဲ့ အာရုံကြောမကြီး မပြတ်သွားပါဘူး။ ဒီအာရုံကြောမကြီးဟာဆိုရင် သူ့ကိုကာရန်ထားတဲ့ လည်ပင်းဆစ်ရိုးများကြားထဲမှာ အကာအကွယ်ရနေပါတယ် ။ဒါဟာ ဖန်ဆင်းရှင်ရဲ့ ကြိုတင်စီမံထားမှုပါ  ။

အဲဒါမပြတ်တော့ ဘာများထူးခြားသွားမှာမို့လို့လဲ???
=======================
ဟုတ်ကဲ့ ရှင်းပြပါ့မယ် The blood is a good culture medium for the growth of micro-organism(သွေးဟာ ရောဂါပိုးမွှားများ ပွားများရန်အတွက်အကောင်းဆုံးသောသောနေရာဖြစ်ပါတယ်) ကျွန်တော်တို့ဟာ အသားစားမှာပါ.။ ရောဂါပိုးမွှားများကို ယူမှာမဟုတ်ပါဘူး ။ထို့ကြောင့် ရောဂါပိုးမွှားများရှိတဲ့ သွေးများကို အကုန်ဖယ်ရှားပစ်မှာပါ ။ခုနပြောခဲ့သလို လည်ပင်းကသွေးကြောတွေကို ဖြတ်လိုက်လျှင် ခန္ဓာကိုယ်မှာ ရှိတဲ့သွေးတွေ အရှိန်နဲ့ထွက်လာပါလိမ့်မယ် ။သို့သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးက သွေးအကုန်လုံးတော့ ကုန်စင်သွားမှာ မဟုတ်ပါဘူး။ သွေးအားလုံးကုန်စင်စေချင်ရင်တော့ အထဲကနေ အားကောင်းတဲ့ pump တစ်ခုနဲ့ တွန်းထုတ်ပေးမှ ဖြစ်မှာပါ ။အထဲကနေ အဲလိုတွန်းပေးနိုင်တဲ့အရာဟာ နှလုံးဘဲရှိပါလိမ့်မယ်  ။

သွေးကြောတွေပြတ်သွားရင် နှလုံးကဆက်လက်ခုန်နေဦးမှာလား??? 

ဟုတ်ကဲ့ ခုန်နေဦးမှာပါ။ နှလုံးခုန်စေဖို့ အာရုံကြောမကြီးက ဆက်လက်သတင်းပေးပို့နေပါတယ် ။မည်မျှပင် ထက်သောဓါးနှင့် အားသုံးလှီးဖြတ်သော်လည်း အာရုံကြောမကြီးကို လည်ပင်းဆစ်ရိုးများက ကာကွယ်ပေးထားလျက်ပါ ။ထို့ကြောင့် နှလုံးဟာဆက်လက်ခုန်နေပါမယ။် ထို့ကြောင့်ခန္ဓာကိုယ်မှာရှိတဲ့ သွေးအားလုံးဟာ လည်ပင်းမှတစ်ဆင့် ကုန်စင်သွားပါမယ် ။
အဲ့နောက်မှာ ကျွန်တော်တို့ဟာ ရောဂါကင်းစင်တဲ့ အသားကိုရရှိမှာ ဖြစ်ပါတယ် ။ဒီအသားဟာဆိုရင် တစ်ခြားနည်းနဲ့ သတ်ဖြတ်ထားတဲ့ အသားထက်ကြာရှည်ပိုခံပါတယ။် ရောဂါလည်းကင်းစင်ပါတယ်  ။

နောက်တစ်ချက်က တစ်ကောင်ကိုသတ်လို့ရှိရင် နောက်တစ်ကောင်က မတွေ့စေရပါဘူး။ သူ့ကိုသတ်ဖို့ရှိသည်ဖြစ်စေ မရှိလျှင်ဖြစ်စေ ပေးမမြင်ရပါဘူး ။အသံပေးမကြားစေရပါဘူး။ ကြောက်စိတ်ဝင်စေပြီး နှိပ်စက်ရာရောက်မှာ စိုးလို့ပါ ။

အဲလိုသတ်တော့ တိရိစ္ဆာန်တွေနာမှာ မစဉ်းစားဘူးလား??? 
========================
အခုဖော်ပြခဲ့တာတွေကိုဘဲ ကြည့်မယ်ဆိုရင်တောင် တိရိစ္ဆာန်တွေအတွက် အဘက်ဘက်ကတွေးပြီး အကောင်းဆုံး အညင်သာဆုံးတွေကို ရွေးထားတာကိုတွေ့ရမှာပါ ။ဆက်ပြီးပြောပြမယ့် အကြောင်းအရာကို ဖတ်ရှုကြည့်လျှင် ဒီနည်းလမ်းဟာ တိရိစ္ဆာန်အတွက်နာကျင်မှုအလွန့်အလွန်အနည်းငယ်မျှသာရှိကြောင်း အံ့ဩစွာတွေ့ရှိရမှာပါ ။ ဆေးပညာရှင်တွေဟာ အစ္စလာမ့်နည်းစနစ်အရ သားကောင်ကိုလည်လှီးသတ်တဲ့အခါမှာ တိရိစ္ဆာန်တွေနာကျင်မှုဘယ်လောက်အတိုင်းအတာအထိခံစားရလဲဆိုတာကို EEG(Electroencephlography) လို့ခေါ်တဲ့ ဦးနှောက်တွင်း သတင်းအချက်အလက်များကိုဖော်ပြတဲ့ တိုင်းတာနည်းနဲ့ လေ့လာကြည့်ခဲ့ကြပါတယ။

် တွေ့ရှိချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်

လည်လှီးတဲ့ ပထမ သုံးစက္ကန့်မှာဆိုလျှင် EEG မှာ လည်မလှီးခင်က အတိုင်းဘဲဆက်လက်တွေ့ရှိနေရပါတယ်(ဆိုလိုချင်တာဟာ တိရိစ္ဆာန်ဟာ လည်လှီးမခံရခင်ကကဲ့သို့ မည်သည့်နာကျင်မှုမျှ ရရှိခြင်းမရှိသေးပါဘူး)
ဒုတိယ သုံးစက္ကန့်မှာ EEG တွေ့ရှိချက်ကတော့ တိရိစ္ဆာန်ဟာ အလွန်အမင်းသတိလစ်မေ့မျောနေတာကို တွေ့ရပါတယ်(A condition of deep sleep-unconsciousness) ခန္ဓာကိုယ်မှသွေးတွေအလွန်အမင်းလျင်မြန်စွာ ဆုံးရှုံးသွားလို့ဖြစ်ပါတယ်။ ဒီအချိန်မှာဆိုရင်လည်း တိရိစ္ဆာန်ဟာ သတိမရှိတော့တဲ့အတွက် နာကျင်မှုကို မခံစားရပါဘူး ။ စုစုပေါင်းအချိန် ၆ စက္ကန့်အပြီးမှာတော့ EEG ဟာ zero(သုညမှတ်) ကို ညွှန်ပြနေပါတယ် ။မည်သည့်သတင်းအချက်အလက် မည်သည့်နာကျင်ခံစားမှုမှ မရရှိတော့ပါ။ အဖြစ်အပျက်တွေဟာ အလွန်လျင်မြန်လွန်းပါတယ။် သက်ရှိတိရိစ္ဆာန်တစ်ကောင်ဟာ သက်မဲ့ဘဝကို ကူးပြောင်းသွားပါပြီ ။အလွန်သေးငယ်သော နာကျင်မှုလောက်ဘဲ ခံစားလိုက်ရပါတယ။

် အပေါ်ယံကြည့်ရင် မထင်ရသော်လည်း အမှန်တကယ်ဘဲ နာကျင်မှုမခံစားလိုက်ရတာပါ။ ဒါဟာ သာမန်လူတစ်ယောက်ကြိုတင်စဉ်းစားပြီး ပြုလုပ်နိုင်မယ့်အရာမဟုတ်ပါဘူး ။ဖန်ဆင်းရှင်ဟာ သူဖန်ဆင်းထားတဲ့အရာကို မနာကျင်အောင်သတ်နည်းကို ညွှန်ကြားထားတာပါ  ။

  ထိုသို့သတ်ရာတွင် ဖန်ဆင်းရှင်ရဲ့ နာမတော်ကိုရွတ်ဆိုပြီး လှီးဖြတ်ရပါတယ။် ဒါဟာဆိုရင် ဖန်ဆင်းရှင်ကို ယစ်ပူဇော်တာ မဟုတ်ပါဘူး ။တစ်ခြားသောအရာတွေရဲ့ နာမည်တပြီး ယစ်ပူဇော်ကြမှာစိုးလို့ ဖန်ဆင်းရှင်ရဲ့ နာမတော်ကိုရွတ်ဆိုပြီး လှီးခိုင်းခြင်းဖြစ်တယ်လို့မြင်မိပါတယ် ။ဖန်ဆင်းရှင်ရဲ့ နာမတော်ကို ရွတ်ဆိုလိုက်တဲ့အတွက် ဖန်ဆင်းရှင်က ကျွန်တော်တို့ကိုအကူအညီပေးပါတယ။် အလျင်အမြန်ကိစ္စပြီးပြတ်အောင် ဆောင်ရွက်နိုင်ပါတယ် ။တိရိစ္ဆာန်လည်းမနာမကျင် မြန်မြန်သေသွားမှာပါ ။ယစ်ပူဇော်ခြင်း အလျင်းမဟုတ်ပါ ။အသားကိုလည်း ဘုရားစင်တို့ဘာတို့တင်စရာမလိုပါဘူး။ ရတဲ့အသားကို မိမိစိတ်ကြိုက် ချက်ပြုတ်စားသောက်နိုင်ပါတယ။် လှူဒါန်းလို့လည်းရပါတယ် ။

နောက်ထက်ထူးခြားတာတစ်ခုရှိပါသေးတယ။် ကျွန်တော်တို့ကိုစားခွင့်ပြုထားတဲ့ သားကောင်တွေဟာ မျိုးသုဉ်းသွားခြင်းမရှိပါဘူး။ ဥပမာ-ကြက် ဘဲ နွား ကျွဲ ဆိတ် သိုး တို့မှာ ကျွန်တော်တို့ မည်မျှပင် လှီးဖြတ်စားသောက်သော်လည်း မျိုးသုဉ်းသွားခြင်းမရှိပါဘူး ။ကျွန်တော်တို့စားလေ သူတို့အရေအတွက်ကပြန်လည်များလာလေလေဖြစ်သောကြောင့် အရေအတွက်မှာ မျှခြေပင်ပြန်ဖြစ်နေလေသည် ။ဒါကလည်း ဖန်ဆင်းရှင်က သူစားဖို့ပြောထားတဲ့ တိရိစ္ဆာန်တွေရဲ့ အရေအတွက်ကို မျှခြေဖြစ်အောင် ဖန်ဆင်းပေးနေလို့ဘဲဖြစ်ပါတယ် ။ဒါကိုတော့ တိုက်ဆိုင်မှုလို့ဘဲ ပြောချင်ပြောကြပါလိမ့်မယ။် လူသားဟာ လူသားပီပီ အမြဲငြင်းကန်ပြောဆိုနေမှာ သဘာဝဘဲ ဖြစ်ပါတယ် ။

အချုပ်အားဖြင့်ဆိုရသော် အစ္စလာမ်ဘာသာဝင်တို့ရဲ့ သားကောင်များကိုလည်လှီးသတ်ဖြတ်စားသောက်ခြင်းကို ရက်စက်ကြမ်းကြုတ်မှုအဖြစ်မြင်နေကြခြင်းကို စိတ်မကောင်းသဖြင့် ကျိုးကြောင်းဆီလျော်စွာ နားလည်အောင် ရှင်းပြရေးသားရခြင်း ဖြစ်ပါတယ။် သို့မှသာ hate speech နဲ့ islamophobia တို့ လျော့ကျသွားမှာ ဖြစ်ပြီး လူသားအချင်းချင်း သင့်သင့်မြတ်မြတ်နေနိုင်မှာ ဖြစ်ပါတယ။်

မူရင်း>> Min Aung

မည်သူမဆို လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ အစ္စလာမ်သာသနာရဲ့သားကောင်လည်လှီးခြင်းနဲ့ ပတ်သတ်တဲ့ ရှင်းလင်းချက်ကို စေ့စပ်စွာဖော်ပြပေးတဲ့ Ko  Min Aung ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
Admin: khairul


No comments:

Post a Comment