welcom to myo min zaw blog

Wednesday, 13 May 2015

Romaster_3.4.7



 Romaster_3.4.7
Vroot ဆိုရင် တော်တော်များသိကြမှာပါ..
ဒီကောင်လေးက Vroot ရဲ့ နောက်ဆုံးထွက် version လေးပါ..
သူကတော့ PC ကနေ Android ဖုန်း မျိုးစုံနဲ့
version တော်တော်များများကို Root ဖောက်ပေးနိုင်တဲ့ software ပါ..။ 
ကျနော်ကတော့ ကျနော်ဆီ လာအပ်တဲ့ ဘယ်လိုဖုန်းမဆို
သူနဲ့ပဲ Root ဖောက်လေ့ရှိပါတယ်..
ဘာပြသနာမှလည်း မရှိပါဘူး...။
PC ကနေ Android တွေကို Root ဖောက်ချင်တယ်ဆိုရင်
ဒီကောင်လေးကိုပဲ စိတ်ချလက်ချ သုံးနိုင်ပါတယ်..
တရုပ် version မို့ install လုပ်တာ မသိမှာစိုးလို့ ပုံလေးတွေဖေါ်ပြလိုက်ပါတယ်..
ဒေါင်လို့ ရတဲ့ Romaster_3.4.7 ကို double click ပေးလိုက်ရင် အခုလို ပေါ်လာပါမယ်..
ကျနော် အနီရောင် နဲ့ ပြထားတဲ့ နေရာလေးကို နှိပ်လိုက်ရင် 
သူဘာသာသူ install လုပ်ပါလိမ့်မယ်..
ပြီးရင် အောက်က ပုံအတိုင်း ပေါ်လာပါမယ်..။
 မြှားပြထားတဲ့ နေရာလေးကို နှိပ်လိုက်ရင် ရပါပြီ..
ကောင်းပြီ အဲဒါဆိုရင် ...
ဘယ်လို Root လုပ်မလဲ..အောက်မှာ ဆက်ရေးပေးပါ့မယ်.
Root လုပ်မဲ့ ဖုန်းကို setting ကနေ တဆင့် 
Developer options ကိုဝင်ပါ..
အဲဒီကနေ  USB dedugging မှာ အမှန်ခြစ်လေးပေးလိုက်ပါ..။
ဖုန်းနဲ့ ကွန်ပျူတာကို USB ကြိုးနဲ့ ချိပ်လိုက်ပါ..။
install လုပ်ထားတဲ့  Romaster ကို ဖွင့်လိုက်ပါ..။
 
အခုလိုပေါ်နေပါလိမ့်မယ်..
 
 
connected ဖြစ်သွားရင် မြှားပြထားတဲ့နေရာကို နှိပ်ပါ..
အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်
 မြှားပြထားတဲ့ ကျောက်ဆူးပုံ နေရာလေးကို နှိပ်ပါ..
အောက်ကပုံအတိုင်းchecking လုပ်နေပါလိမ့်မယ်..
 checking ဆိုတဲ့ နေရာမှာ ROOT ဆိုတာ ပေါ်လာရင် ကလစ်တချက်နှိပ်ပြီး
ခဏစောင့်ပါ..ခဏလေးပါ..
Root successful လို့ အမှန်ခြစ်လေးပေါ်လာပြီး 
ဖုန်း Restart ကျသွားပါလိမ့်မယ်..
ဖုန်းကလည်း Rooted  ဖြစ်သွားပါပြီ..
အဆင်ပြေမယ် မျှော်လင့်ပါတယ်..
 
အသုံးလိုတဲ့ သူငယ်ချင်းတွေ အောက်မှာ 
 Romaster_3.4.7 ကို ဒေါင်းယူနိုင်ပါတယ်..
http://www.mediafire.com/download/uyr8p4bmb3qsykq/www.channyein.org_Romaster_3.4.7.8589_Setup.exe

No comments:

Post a Comment