Android OS ဖုန်းတွေဟာလည်း iOS iphone တွေ jailbreak လုပ်ရသလိုပဲ Android OS ဖုန်းတွေကိုလည်း root လုပ်ထားရပါမယ် ။ Android ဖုန်းကို root လုပ်ထားမှ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်မှာပါ။
root လုပ်ဖို့အတွက် z4root ဆိုတဲ့ application လေးလိုပါတယ်။ အောက်မှာယူလိုက်ပါ။
root လုပ်ဖို့အတွက် z4root ဆိုတဲ့ application လေးလိုပါတယ်။ အောက်မှာယူလိုက်ပါ။
ပြီးလျှင် Z4root.apk ကို Install လုပ်ပါ။ Install လုပ်ပြီးနောက် Z4root Application ထဲသို့ဝင်လိုက်ပါ။
အဲဒီမှာ ရွေးချယ်စရာနှစ်ခုပေးထားပါမယ်။
Temporary Root နဲ့ Permanent Root ပါ။Temporary Root ကိုရွေးချယ်ပါက Root ကို ယာယီ လုပ်ပေးတာပါ။ ဖုန်းကို ပိတ်မိပြီး ပြန်ဖွင့်ပါက UnRoot ဖြစ်သွားပါတယ်။
ဒါကြောင့် အမြဲတန်း Root အဖြစ်ထားလိုပါက Permanent Root ကို ရွေးချယ်ရပါမည်။ Permanent Root ကို ရွေးချယ်ပြီးပါက Rooting လုပ်နေပါမည်။ ပြီးပါက ဖုန်းကို Restart ချသွားပါမည်။ restart ပြန်လည်တက်ပြီးပါက ဖုန်းရဲ့ Menu ထဲတွင် SuperUser ဆိုသည့် Application Icon တစ်ခုပေါ်နေပြီ ဆိုပါက Android OS ကို Root လုပ်တာပြီးစီးပြီဖြစ်ပါတယ်။
No comments:
Post a Comment