welcom to myo min zaw blog

Wednesday, 23 July 2014

Android Application Music APK လေးအလွယ်ဆုံးဖန်တီးနည်း


         မင်္ဂလာပါခင်ဗျာ.........
          ကိုယ်ပိုင်နံမည်လေးတွေနဲ့ Android Application လေးတွေ အလွယ်ကူဆုံးဖန်တီးချင်တဲ့
 သူငယ်ချင်းများအတွက် အလွယ်ကူဆုံး Music player လေးဖန်တီးနည်းလေးပါ သူငယ်ချင်းတို့
              ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေနဲ့ ဖုန်းဆော့ဝဲလေးတစ်ခုဖန်တီးရမှာဖြစ်ပါတယ် ဖုန်းရဲ့
မော်ဒယ်ကိုကြည့်ပြီး သီချင်းအပုဒ်အရေအတွက်ကို ချိန်ထဲ့ပေးရမှာဖြစ်ပါတယ် သီချင်းအပုဒ်ရေ
    များလွန်းနေရင်တော့ ဖုန်းမှာ install လုပ်မရတဲ့ပြဿနာလေး ဖြစ်ပေါ်လာနိုင်ပါတယ် သီချင်းမှမဟုတ်
တရာတော်တွေပါ ဖန်တီးနိုင်ပါတယ် လုပ်နည်းလေးစမယ် မလုပ်ခင်အရင်ဆုံး လုပါအပ်တဲ့ ဆော့ဝဲလေးတွေ ဒေါင်းယူလိုက်ပါ ဖုန်းဆော့ဝဲဖန်တီးမယ်ဆိုရင်တော့ Java ဆော့ဝဲကတော့
          ရှိပြီးဖြစ်မယ်ထင်ပါတယ်     

                                     Android Music App Maker.rar
 ဆော့ဝဲကို ဒေါင်းပြီးရင်တော့ အမြဲတမ်းအသုံးပြုနိုင်ရန် Patch လုပ်ရမှာဖြစ်ပါတယ် အောက်မှာ
           ပုံလေးနှင့် ရှင်းပြပေးထားပါတယ်


Patch မချိုးတက်သူများအောက်ကပုံအတိုင်းလိုက်လုပ်လိုက်ပါ
Free အသုံးပြုနိုင်ရန် Patch ချိုးရပါတယ်



အားလုံးပြီးသွားပြီ ဆိုရင်တော့ အလွယ်ကူဆုံး ဆော့ဝဲလေးတစ်ခုစတင်ဖန်တီးနိုင်ပါပြီး
ဆော့ဝဲလေးကို စတင်ဖွင့်လိုက်ပါ အောက်ကပုံလေးအတိုင်ပေါ်လာပါလိမ့်မယ်
 Add Music ကိုနှိပ်ပြီး ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေထဲ့ပေးလိုက်ပါ သီချင်းတစ်ပုဒ်ဆီမှာ
   ကြိုက်နှစ်သက်တဲ့ ပုံလေးတွေထဲ့ပေးနိုင်ပါတယ် ချစ်ချစ်ရဲ့ ပုံလေးနဲ့ခံစားစားချက်သီချင်းလေးနဲ့
 ဆိုရင်တော့ ချစ်ချစ်စိတ်ဆိုပြေသွားလိမ့်မယ် သီချင်းကိုကလစ်တစ်ချက်ထောက် ပြီးရင်တော့ ဘေးနားက
မြားပြထားတဲ့နေရာမှာ ကလစ်တစ်ချက်ထောက်ပြီး ကြိုက်နှစ်သက်တဲ့ ပုံလေးကိုရွေးချယ်လိုက်ပါ
                      ပြီးသွားရင်တော့ အပေါ်ဘားတန်းမှာ build ဆိုတာကိုကလစ်လိုက်ပါ
     အောက်မှာဆက်လေ့လာကြည့်လိုက်ပါ
 အပေါ်ကအကွက်မှာတော့ ထားချင်တဲ့ Icon ဒဇိုင်းလေးကို ရွေးချယ်ပေးလိုက်ပါ အောက်မှာတော့
    ကြိုက်နှစ်သက်တဲ့ ဘက်ဂရောင်ကိုရွေးချယ်ပေးလိုက်ပါ အောက်မှာ Next ကိုဆက်နှိပ်ပြီးသွားလိုက်ပါ
ပြီးသွားပါပြီ အရန်းလွယ်လွန်းနေလား ကြိုက်နှစ်သက်ရင်တော့ အောက်မှာကွန်မန်းလေးရေးထားပေးခဲ့နော်

No comments:

Post a Comment