welcom to myo min zaw blog

Saturday, 5 July 2014

Android ဖုန်းများကို ကွန်ပျူတာမလိုဘဲ Root ကြမယ်.. ( S4..V-4.3 ကိုစမ်းသတ်အောင်မြင်ထား)

မင်္ဂလာပါနော်.... ကျွန်တော် သည်နေ့ ရေးဖြစ်တာလေးကတော့  ကျွန်တော် ကိုယ်တိုင် ကလိပြီး စမ်းသတ် အောင်မြင်ထားတဲ့  PermRoot လေးအကြောင်းပါဘဲ...သည်ကောင်လေးကတော့ ကျွန်တော် ခု ကျွန်တော့်ရဲ့  Samsaung Galaxy S4 Version- 4.3 လေးကို ထပြီးကလိမိရာကနေ  တကယ် Root ပေါက်သွားတဲ့အတွက် ပျော်မိတယ်... ကိုယ်ပျော်သလို အများပျော်စေဖို့ကို  ဆော့ဝဲလ်တင်မကဘဲ
လုပ်ဆောင်ချက်နည်းလမ်းလေးကိုပါ ပုံလေးတွေနဲ့ အသေးစိတ် ရှင်းပြလိုက်ပါတယ်နော်...
ကဲ ပထမဆုံး    ဆော့ဝဲလ်လေးကို ဒေါင်းလိုက်ကြရအောင်နော်...
ဒေါင်းပြီးတာနဲ့ ရလာတဲ့ apk လေးကို မိမိတို့ ဖုန်းမှာ ထည့် ပြီး install လုပ်ပေးလိုက်ပါနော်....
ဒါဆို စမယ်ဗျာ....အင်စတော ရလာတဲ့  apk လေး မှန်ပြင်ပေါ်မှာ တွေ့နေပါမယ်  အဲတာကို ကလစ်ဖွင့်လိုက်ပါ..... သည်နေရာမှာ ကျွန်တော် ပုံမယူလိုက်ရလို့  တရုတ်စာ နဲ့  ဇယားတခုတက်လာမယ်... ဘာဘဲ တက်လာလာပေါ့...
ဘယ်ဖက်ကစာသားက  Cancel ဆိုတာကိုပြောတာပါ...သည်တော့  ညာဘက်က တရုတ် စာကို ကလစ်ပေးလိုက်ပါ..နော်....နောက်အဆင့်တွေကို ပုံတွေနဲ့ ရှင်းပါမယ်..
အဆင့် ( ၁ )
အပေါ်က ပုံတိုင်း ဖြစ်လာမယ် ဒါဆို Root ဆိုတာလေးကို ကလစ်ပြီး လုပ်လိုက်ပါနော်... သူ့ဘာသာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်.. ခဏမျှ စောင့်ပေးလိုက်ပါ....
မိမိဖုန်း အတွက် Root Accept ရပြီဆိုတာနဲ့ အပေါ်ကလို အမှန်ခြစ်လေး ပြလာမှာ ဖြစ်ပါတယ်..ဒါဆို အောင်ပြီ ဗျာ...နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါတယ်.. ဆက်လုပ်ကြမယ်နော်....
အဆင့် ( ၂ )
ဖုန်း မှာ လိုအပ်တဲ့  apk တွေ ထည့်ပေးလိုက်ပါနော်..လိုအပ်တာတွေကတော့
( ၁ )  MMSD Smart Zawgyi ကိုဒေါင်းပြီးထည့်ထားရပါမယ်။
( ၂ ) Root Chacker  ကို Root အောင် မအေင် စစ်ဆေးဖို့ ထည့်ထားရပါမယ်။ Playstore မှာဝင်ဒေါင်းလိုက်ပါ....
 အိုကေ ဒါဆို မြန်မာစာအတွက် လုံလောက်မှာပါ... နောက် မိမိလိုအပ်တာတွေတော့ ကြိုက်သလို ထည့်နိုင်ပါတယ်...
အပေါ်ကဒေါင်းထားတဲ့ apk  တွေကို ဖုန်းမှာ install လုပ်ပေးလိုက်ပါနော်... ပြီးတာနဲ့ ဖုန်း မှန်ပြင်ပေါ်ကနေ ဖွင့်လိုက်ပါ  ဥပမာ  Root ကို စစ်ဆေးမယ် ဆိုပါတော့ Rootchacker apk ကိုဖွင့်လိုက်ပါ
အဲမှာ ပြသနာ အနည်းငယ် ပေါ်တတ်ပါတယ်... ဘာကြောင့်လည်းဆိုတော့  Root Apk ကနေ သူ့ကို အသိမှတ်မပြု ရသေးလို့ဘဲ ထင်ပါတယ်...
အောက်ကပုံကို ကြည့်လိုက်ပါ...
Root Apk ကနေ ကြက်ခြေခတ်အနီ ပြပေးထားတဲ့အတွက်  စစ်ဆေးလိုက်တဲ့အခါ Root မရှိသေးပါဘူးဆိုတာ ပြောလာမှာ ဖြစ်ပါတယ်  ဒါက Root မအောင်တာ မဟုတ်ပါဘူး အဲအတွက် ကြက်ခြေခတ်အနီကို အမှန်ခြစ် အစိမ်းလေး ဖြစ်ဖို့ လုပ်ရပါမယ်... နည်းလမ်းကတော့...အောက်မှာဆက်ကြည့်ပါ...
အဆင့် ( ၃ )  
မိမိတို့ Root စစ်တာတွေ Fontchanger တွေ အလုပ်မလုပ်ဘူး ဆိုရင် သည်လိုလေး လုပ်ပေးလိုက်ပါနော်... 
မိမိတို့ ဖုန်း Root ရပြီးတာနဲ့ မှန်ပြင်ပေါ်မှာ အဲလို apk လေး နှစ်ခု ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်..
R ဆိုတဲ့စာနဲ့ APK လေးကို ဖွင့်ပေးလိုက်ပါ... ဒါဆို အဲထဲမှာ စောစောက အင်စတော လုပ်ထားတဲ့
MMSD  နဲ့ Rootchacker တို့ကို တွေ့ရမှာ ဖြစ်ပါတယ်... တွေ့တာနဲ့ ကြက်ခြေနီလေး တွေပြနေမယ် အဲတာကို  ဘေးက အမှန်ခြစ်အစိမ်းလေး ကို ကလစ်ပြီး အသိမှတ် အတည်ပြု ပေးလိုက်ပါနော်... အောက်မှာ ပုံကြည့်လိုက်ပါ။
အပေါ်ကလိုဘဲ  ကြက်ခြေနီပြနေသော apk တိုင်းကို ဘေးက အစိမ်းရောင် အမှန်ခြစ်လေးကို ကလစ်ပေးလိုက်ပါနော်.... ဒါဆို အဆင်ပြေပါပြီ...
 အဆင့် ( ၄ ) 
 ဖုန်း apk  ကိုပြန်သွားလိုက်ပါ... Rootchecker ကို စစ်လိုက်ကြမယ်နော်.... Rootchacker ဆိုတာလေးကို ကလစ်ဖွင့်လိုက်ပါ...နော်
အပေါ်မှာ ပြထားသလို Verify  Root ဆိုတာလေးကို ကလစ်ပြီး ခဏစောင့်လိုက်ပါ  သူက စစ်ဆေးနေပါလိမ့်မယ်နော်.... အိုကေပြီးတာနဲ့ မိမိတို့ဖုန်းမှာ Root Accept ရရှိတယ်ဆိုရင် သည်လိုလေးပြပါတယ်..အောက်မှာ ပါ
အိုကေ  အဆင်ပြေပါပြီနော်.. မိမိတို့ ဖုန်းလေးမှာ ကွန်ပျူတာမလိုဘဲ  Root ဖေါက်ခြင်းမှ အောင်မြင်ခဲ့ပါပြီ... ကျွန်တော် လက်တွေ့ s4  ကိုစမ်းသတ်ထားပါတယ်  ကျန်တာတွေတော့ ဆက်လက် စမ်းသတ် ပေးပါ့မယ်  မိတ်ဆွေတို့လည်း  စမ်းသတ် ကြည့်ကြပါနော်  ရလာတဲ့ ဖုန်းတွေကို စာပို့ အသိပေးကြပါ...ဒါမှ လက်ဆင့်ကမ်း မျှဝေနိုင်မယ်လေ.... လူတိုင်း ကွန်ပျူတာ မရှိတော့ သည်နည်းလေးနဲ့ တော်တော် များများအဆင်ပြေမယ်ဆို ၀မ်းသာစရာပေါ့.....
 မြန်မာစာဖေါင့် ချိန်းဖို့ MMSD Smart Zawgyi ကိုလည်း အပေါ်ကနည်းအတိုင်း အမှန်ခြစ်လေး ဖြစ်ဖို့
ပြုပြင်ပေးပြီးမှ ဖေါင့် ချိန်းပေးလိုက်ပါနော်.... အိုကေ
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေ..........

Dota 2 Wallaper



အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
ဒါလေးကတော့ Dota ဂိမ်းကြိုက်တတ်တဲ့
ဘော်ဘော်များအတွက် Dota Wallpaper
အလန်းလေးပါ သားတော့ ဆော့မတတ်ဘူး
ဒါပေမယ့် Wallpaper လေးတွေကိုတော့ 
သဘောကျတယ် အောက်မှာအစမ်းကြည့်ပါ    

 




 
 
Download : (2.46)MB
Solidfiles
Zippyshare
Speedshare 

Deep Sleep Battery Saver Pro v3.1 For Android

 Android OS သုံးသူများအတွက် ဖုန်းရဲ့ Battery Life Time ကို အချိန်ကြည်ရှည်အောင် ထိန်းထားပေးနိုင်မယ့်  Deep Sleep Battery Saver Pro v 3.1ဗားရှင်းအသစ် ထွက်ရှိလာပြန်ပါပြီ..ဒီဆော့ဝဲလ် လေးကို မိမိတို့ဖုန်းထဲမှာ ထည့်သွင်းထားခြင်း အားဖြင့်
မိမိတို့ဖုန်းဘက်ထရီ သိသိသာသာ ပိုသုံးစွဲလာနိုင်တာကို တွေ့ရမှာဖြစ်ပါတယ် ..ဘက်ထရီ အားအကုန်လွယ် သူတွေ ၊ Battery life time ကို စနစ်တကျ မသုံးစွဲတတ်သူတွေ အတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ် လေးဖြစ်ပါတယ် ..ဒါအပြင် ဖုန်းရဲ့ Status bar မှာ ထားရှိမယ့် Battery Icon Style ကိုလည်း မိမိစိတ်ကြိုက်ပြောင်းလဲ တပ်ဆင်လို့ရသလို မိမိအသုံးပြုထားတဲ့သမျှကိုလည်း Show logs အနေနဲ့ပြသပေးမှာ ဖြစ်ပါတယ်ကြိုက်တယ်ဆိုရင်ဖြင့်အောက်မှာဒေါင်းပါတယ်ဗျာ။
 
 
 

YouTube က Video တွေကို Mp3 Mp4 ဖော်မက်မျိုးစုံ လွယ်ကူစွာ ဒေါင်းယူနည်း

အားလုံးပဲမင်္ဂလာပါခင်ဗျာ.............

သား ဒီနေ့ YouTube က Video တွေကို Mp3, Mp4 ကိုယ်လိုချင်တဲ့ ဖော်မက်မျိုးစုံ လွယ်ကူစွာ ဒေါင်းယူနည်းလေးပြောပြပေးပါမယ်။ ဘာ Downloader ဆော့ဝဲလ် ၊ ဘာ Add On မှ မသုံးပါဘူး။ ဆိုဒ်တစ်ခုမှာ သွားပြီး လုပ်ယူတာပါ။YouTube to mp3 ပြောင်းပေးတဲ့ ဆိုဒ်တွေ အများကြီးရှိပါတယ်။ ဆိုဒ်တော်တော်များများက Convert လုပ်ရတယ်။ပြီးတော့ 128kbps နဲ့ပဲ ဒေါင်းဖို့ပေးတာများတယ်။ အနော့်လိုင်းလည်း အရမ်းကြီးမဆိုးပေမယ့် သိပ်တော့မမြန်ပါဘူး။

မလိုအပ်ပဲ Convert လုပ်နေရတော့ လိုင်းစားသလို အချိန်လည်း ကုန်တယ်။ ပြီးတော့ ဖိုင်ဆိုဒ်ကြီးနေတော့ ပိုဆိုးပြီ။Downloader ဆော့ဝဲလ်တွေကလည်း ကြောင်တောင်တောင် ၊ Add On တွေကလည်း Browser Version မြင့်လာတော့အလုပ်မလုပ်တော့တာလည်း ရှိတယ်။ ခုပြောမယ့် ဆိုဒ်လေးက Convert လည်းမလုပ်နေဘူး။ Mp3 သီချင်းဆိုရင်လည်6း4kbps, 96kbps, 128kbps, 320kbps စတဲ့  Audio Qualities မျိုးစုံကို ကြိုက်တာနဲ့ ရွေးပြီး ဒေါင်းယူလို့ရတယ်။ပြီးတော့Flv , Mp4 စတဲ့ Video ဖော်မက်တွေကို ကွာလတီမျိုးစုံနဲ့ ဒေါင်းယူလို့ရတော့ အရမ်း အရမ်းကို ကောင်းတဲ့ဆိုဒ်လေးပါပဲ။အောက်မှာ ကျွန်တော် မိစန္ဒီရဲ့ ရေခဲရိုက်အပြုံး ဆိုတဲ့ သီချင်းလေးကို YouTube ဆိုဒ်က လင့်ယူပြီး ဒေါင်းထားတာပါ။
ပထမဦးဆုံး သီချင်းတွေကို YouTube ဆိုဒ်မှာ သွားပြီးတော့ Search Box မှာ ကိုယ်လိုချင်တဲ့ သီချင်းကို ရိုက်ပြီး ရှာပါ။တွေ့ပြီဆိုရင် အဲဒီ YouTube က Video လင့်ကို ကော်ပီကူးပါ။ [အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်နော်..။


 

ပြီးရင် အောက်မှာ ပေးထားတဲ့ဆိုဒ်ကို သွားပြီးတော့ အောက်မှာ ပြထားတဲ့ Box လေးထဲကို ခုန ကော်ပီကူးထားတဲ့ 

လင့်ထည့်ပြီး dirpy ကို နှိပ်ပါ။ အဲဒါဆို Mp3, Mp4 ဒေါင်းလုပ် လုပ်ရမယ့် စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။

http://dirpy.com/ 



 

Mp3 ဒေါင်းမယ်ဆိုရင် Audio Qualities ကိုတော့ ကိုယ်လိုချင်တာ ရွေးပါ။ ကျွန်တော်ကတော့ 64kbps ပဲ ရွေးလိုက်တယ်။အဲဒါက ဒ်ချုံ့ထားတာဖြစ်တဲ့အတွက်လိုင်းသိပ်မကောင်းလည်း  ဒေါင်းရတာလွယ်ပါတယ်။ Title, Artist, Album မှာနာမည်တွေ ပြင်ရေးချင်ရေးပါ။ ပြီးရင် Record ကို နှိပ်ပါ။ အဲဒါဆိုရင် ဒေါင်းလုပ် ဘောက်စ်လေးတက်လာပါလိမ့်မယ်။ideo ဖော်မက်ဒေါင်းချင်တာဆိုရင်လည်း 
အာက်ဆုံးမှာ ရှိပါတယ်။ ကြိုက်တာကို အလွယ်တကူ ဒေါင်းယူလိုက်ရုံပါပဲ။


 

အနော်ကတော့ Mp3 ကို 64kbps နဲ့ရွေးပြီး ဒေါင်းလိုက်ပါတယ်။ Save File ရွေးပြီး OK ကို နှိပ်ပါ။


 

အခုလို ဒေါင်းနေပါပြီဗျာ.. ကဲ အဲလောက်ဆို အဆင်ပြေပြီလို့ ထင်ပါတယ်။ ပုံလေးတွေနဲ့ သေချာရှင်းပြထားပါတယ်။

YouTube က Video တွေကို မဒေါင်းတတ်တဲ့ သူငယ်ချင်းများ ဒီနည်းလေးကို အသုံးပြုပြီး ဒေါင်းယူနိုင်ပါကြောင်း...။



အားလုံးပဲ အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေလို့.. ဆုတောင်းပေးလိုက်ပါတယ်ဗျာ။အခုလိုအချိန်ပေးပြီး
သားရဲ့post လေးကို ဖတ်ပေးတဲ့အတွက် ကျေဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ

Android ဖုန်းမှာ Facebook သုံးမရချိန် အဆင်ပြေအောင်သုံးနည်း

မဂ်လာပါနော်.. သည်နည်းလေးကတော့ ကျွန်တော့် ညီလေး အောင်ကျော်ခိုင် မညက fb မှာတင်ထားပါတယ်.. လိုအပ်တဲ့ apk လေးတွေကို upload မပေးနိုင်တဲ့ လိုင်းအခြေနေကြောင့် ကျွတန်တော် ပြန်လည်  ကူညီ ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါတယ်.. မြန်မာပြည်မှ  ကိုကို..မမ..များအတွက် အထူး စိတ်ဝင်စားဖွယ်  နည်းလမ်းလေးတစ်ခုလို့ ထင်မိလို့ ပါ... ခုတလော VPN တွေ ခေတ်စားလာတာ တွေ့မြင်နေရတယ်...ေိေိ...ဒါကြောင့်ပါ ညီလေး အောင်ကျော်ကလည်း အကိုပြန်တင်ပေးပါဆိုလို့ တင်လိုက်ခြင်းဖြစ်ပါတယ်... အောက်မှာ နည်းလမ်းကို လေ့လာ ပြီး လိုအပ်တဲ့ APK ၂ ခုကို ဒေါင်း၍ အသုံးပြု နိုင်ပါပြီနော်

သတိ->> Location မတူသည့်အတွက် သင့်အကောင့် checkpoint စစ်ခံရနိုင်သည်
အခန့်မသင့်ရင် lock ကျနိုင်သည်

သုံးချင်တယ်ဆို OpenVPNconnect APK  ကိုအောက်မှာ ဒေါင်းလိုက်ပါနော်...

( or )


EasyOvpn လေးကိုတော့ အောက်မှာ ယူလိုက်ပါနော်...
( or ) 
 

ဒေါင်းလိုက်ပါ... play မရသူများ google မှာ နည်းနည်း ရှာဖွေလိုက်ပါ
(လိုင်းမကောင်းလို့ ပြန်မတင်ပေးနိုင်လို့ပါ)
ပြီးရင် ၂ခု စလုံး install လုပ်ပါ .....
EasyOvpn ကို ဖွင့်ပါ server ရွေးခိုင်းရင် US ဖြစ်ဖြစ် UK ဖြစ်ဖြစ်
အဆင်ပြေတာ ရွေးလိုက်ပါ ပြီးရင် accept လုပ် ပါ .. ထို့နောက်
Connect လုပ်ပါ ... I trust this application ကို အမှတ်ခြစ်ကာ
OK ပေးလိုက်ပါ ... ဆာဗာကို လှမ်းချိတ်နေပါလိမ့်မယ်
Open VPN Connected: ဖြစ်ပြီဆို အိုကေပါပီ (လိုင်းမကောင်းလျှင် ကြာတတ်သည်)
သင့် ဖုန်းက Facebook ကို ဖွင့်နိုင်ပါပြီခင်ညာ...
 
 
 
 အားလုံး ကျော်နိုင် ခွ နိုင်ကြပါစေလို့ ဆုတောင်း လျှက်....